အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်

News Image

  • အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျတွင် တွေ့ဆုံနိုင်သည်ဟု CBS သတင်းဌာနက ဖော်ပြထားပါသည်။

“ယူကရိန်းပဋိပက္ခအဆုံးသတ်လိုသည့် သမ္မတပူတင်၏ ဆန္ဒနှင့်ပတ်သက်၍ ကြီးမားသောယုံကြည်မှုဖြင့် ပြောဆိုနိုင်ကြောင်းအမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်” ဟု တီဗီချန်နယ်က အလေးပေးပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယခုအချိန်အထိ အစည်းအဝေးကို တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံ၏ ထီးနန်းအမွေဆက်ခံသူ မဟာမက်ဘင်ဆာလမန်အား-ဆော်ဒ်သည်လည်း ဤအစည်းအဝေးတွင် ပါဝင်နိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသူ) မပါဝင်ဘဲ ရုရှားနှင့် တိုက်ရိုက်သံတမန်ဆက်သွယ်မှုပြုလုပ်ရာတွင် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မမြင်ကြောင်း ထပ်လောင်းရှင်းပြခဲ့ပါသည်။ 

ထို့အပြင် အမေရိကန်သမ္မတက ယူကရိန်းသို့ သွားရောက်ရန် ကတိပြုထားခြင်းမရှိကြောင်း အတိအလင်းဖော်ပြခဲ့ပါသည်။

ကိုးကား - Izvestia