အီလွန်မက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းချက် တရားဝင်ပယ်ချခံရ

News Image

  • အီလွန်မက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူရန်ကမ်းလှမ်းချက် တရားဝင်ပယ်ချခံရ

အီလွန်မက်ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့က ChatGPT chatbot ကို   ထုတ်လုပ်ခဲ့သည့် OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ၄  ဘီလီယံဖြင့်ဝယ်ယူရန် ကမ်းလှမ်းချက်အား အဆိုပါကုမ္ပဏီက တရားဝင်ပယ်ချလိုက်ကြောင်း သိရသည်။

အီလွန်မက်နှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်သော   အဖွဲ့တစ်ဖွဲ့သည် OpenAI ကုမ္ပဏီကို ဒေါ်လာ ၉၇ ဒသမ ၄ ဘီလီယံဖြင့်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်းကို    The  Wall Street Journal က ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဖော်ပြခဲ့သည်။

သို့ရာတွင် အီလွန်မက်၏ကမ်းလှမ်းချက်ကို OpenAI ကုမ္ပဏီဘုတ်အဖွဲ့က သုံးသပ်ခဲ့ပြီးနောက် အဆိုပါကမ်းလှမ်းချက်ကို   ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်ကြောင်း OpenAI ကုမ္ပဏီ၏ ရှေ့နေဖြစ်သူ   ဝီလီယံဆားဗစ်က ပြောသည်။

ထို့ပြင် OpenAI ကုမ္ပဏီကိုရောင်းချမည်မဟုတ်ဟု ကုမ္ပဏီဥက္ကဋ္ဌ ဘရက်တေလာကလည်း  ကြေညာချက်တစ်ခုတွင် အတည်ပြုထားကြောင်း သိရသည်။

OpenAI ကို ဝယ်ယူရန်ကမ်းလှမ်းရာတွင် အဆိုပါကုမ္ပဏီ၏ ပိုင်ဆိုင်မှုအားလုံး၊ ရန်ပုံငွေအသုံးပြုမှုများနှင့် ယင်းကုမ္ပဏီ၏ ပရဟိတလုပ်ငန်းများဖော်ဆောင်မှုတို့ပါဝင်ကြောင်း အီလွန်မက်၏ ရှေ့နေဖြစ်သူ မာ့တိုဘာရော့က ပြောသည်။

OpenAI ကုမ္ပဏီသည် ပရဟိတအဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း ၎င်းတို့၏လုပ်ဆောင်ချက်များမှာ စီးပွားရေးဆန်နေသည်ဟု အီလွန်မက်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်  မတ်လတွင်စွပ်စွဲ၍  OpenAI ကုမ္ပဏီနှင့် တာဝန်ရှိသူတစ်ဦးတို့အား တရားစွဲဆိုခဲ့သေးကြောင်း သိရသည်။

Ref: Xinhua, Ivt

Source: Myawady Web Portal