စည်းလုံးညီညွတ်ကြရန် G20 အစည်းအဝေး၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

News Image

  • စည်းလုံးညီညွတ်ကြရန် G20 အစည်းအဝေး၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Iwaya Takeshi သည် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကဲ့သို့သော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး စည်းလုံး ညီညွတ်စွာဆောင်ရွက်ကြရန် တောင်းဆိုခဲ့ပါသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တောင်အာဖရိကနိုင်ငံ Johannesburg ၌ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ကြခြင်း ဖြစ်ပါ သည်။

ငလျင်၊ တိုင်ဖွန်းမုန်တိုင်းနှင့် အခြားသဘာဝဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် ကိုင်တွယ်ရေးကိစ္စရပ်များတွင် ကူညီရန်အတွက် ဂျပန်နိုင်ငံ၏ ဘေးအန္တရာယ်လျှော့ချရေးနည်းပညာများအား နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဂျပန်က မျှဝေသွားမည်ဟု Iwaya က ပြောကြား ခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အခြေခံအုတ်မြစ်အဖြစ် လွတ်လပ်ပြီးတရားမျှတသော စီးပွားရေးဆိုင်ရာ စည်းကမ်းလိုက်နာမှု အရေးပါပုံကိုလည်း ၎င်းက အလေးပေးပြောကြား ခဲ့ပါသည်။

၎င်းက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လေးနက်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်တောင်းဆိုခဲ့ပြီး အမေရိကန်သမ္မတ Donald Trump ၏ အကောက်ခွန်မြင့်တင်မည့် အစီအစဉ်များကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

ဩဂုတ်လ၌ ကျင်းပရန် စီစဉ်ထားသည့် တိုကျို - အာဖရိက ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတကာညီလာခံနှင့်ပတ်သက်ပြီး Iwaya က ပြောကြားခဲ့ကာ G20 ၏ လုပ်ငန်းဆောင်တာများနှင့်အညီ ဂျပန်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ကိုးကား-NHK World