အမေရိကန်နှင့် ယူကရိန်းတို့၏ မြေရှားသတ္တု စာချုပ် ချုပ်ဆိုရန်ကိစ္စ ပယ်ဖျက်

News Image

  • အမေရိကန်နှင့် ယူကရိန်းတို့၏ မြေရှားသတ္တု စာချုပ် ချုပ်ဆိုရန်ကိစ္စ ပယ်ဖျက်

အမေရိကန်ပြည်ထောင်စုနှင့် ယူကရိန်းတို့၏ မြေရှားသတ္တုတူးဖော် ထုတ်လုပ်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးရန်ကိစ္စကို  ပယ်ဖျက် လိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးခေါင်းဆောင်   Karoline Leavitt က ဖေဖော်ဝါရီ ၂၈ ရက်တွင် အတည်ပြု သတင်းထုတ်ပြန်လိုက် ပါသည်။

ဇီလန်စကီးနှင့် ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဝါရှင်တန်ရှိ အိမ်ဖြူတော်၌   တွေ့ဆုံဆွေးနွေးကြပြီးနောက်  မြေရှား သတ္တု စာချုပ်ချုပ်ဆိုရန် ပယ်ဖျက်လိုက်ကြောင်း၊ ဆွေးနွေးကြစဉ်တွင် ယူကရိန်း သမ္မတဇီလန်စကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊  ဒုတိယသမ္မတဂျေဒီဗန်တို့နှင့်  ဆန့်ကျင်ဘက် ငြင်းခုံမှုကို ဦးတည်စေသည့် စကား များသာ ပြောကြားခဲ့ကြောင်း၊ ဒေါ်နယ်ထရမ့်က ဇီလန်စကီးသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်မဖြစ်သေးကြောင်း၊ ယူကရိန်းသမ္မတ ဇီလန်စကီး အနေဖြင့်  ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်ချိန်မှ ပြန်လာပါဟု  အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။ 

ကိုးကား- TASS