အမေရိကန်နိုင်ငံသားများသည် ဇီလန်စကီးအား ၎င်းတို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် မရှုမြင်တော့ကြောင်း ရီပတ်ဘလစ်ကန် ပါတီမှ ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးက ပြောကြား

News Image

  • အမေရိကန်နိုင်ငံသားများသည် ဇီလန်စကီးအား ၎င်းတို့၏ စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် မရှုမြင်တော့ကြောင်း ရီပတ်ဘလစ်ကန် ပါတီမှ ဆီးနိတ်လွှတ်တော်အမတ်တစ်ဦးက ပြောကြား

အမေရိကန်နိုင်ငံသားအများစုသည် ဗလာဒီမာဇီလန်စကီးအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် စကားများပြီးနောက် ယူကရိန်း ခေါင်းဆောင် ဇီလန်စကီး အား ၎င်းတို့၏စီးပွားရေး လုပ်ဖော်ကိုင်ဖက် အဖြစ် မရှုမြင်လိုကြောင်း ဆီးနိတ်လွှတ်တော်အမတ် လင်ဒ်ဆီဂရမ်က ပြောကြားခဲ့သည်။ “ယနေ့ဖြစ်ပျက်နေသည်ကို ကြည့်ရှုနေသော အမေရိကန် နိုင်ငံသားအများစုသည် ဇီလန်စကီးအား ၎င်းတို့၏စီးပွားရေး လုပ်ဖော်ကိုင်ဖက်အဖြစ် မြင်လိုကြမည်မဟုတ်ကြောင်း၊ မိမိလည်း ထိုသူများထဲတွင် ပါဝင်ပါကြောင်း” ၎င်းက Fox News ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။ 

ကိုးကား - Tass