ယူကရိန်းသို့ စစ်ရေးထောက်ပံ့မှု အမေရိကန် ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော်ပြောကြား
အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီထောက်ပံ့နေမှုကို ရပ်ဆိုင်းလိုက်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ အတည်ပြု ပြောကြားချက်ကို ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
အမေရိကန်သည် ယူကရိန်းကို ထောက်ပံ့ပေးနေသည့် စစ်ရေးအကူ အညီမှာ ပြဿနာဖြေရှင်းနိုင်ရန် အထောက်အကူ ဖြစ်၊ မဖြစ် သုံးသပ် နေသည်ဟု အိမ်ဖြူတော်အရာရှိက ပြောကြားခဲ့ကြောင်း ရိုက်တာက ထပ်မံပြောကြားထားပါသည်။
ယူကရိန်းအစိုးရအနေဖြင့် ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ကြိုးစား လုပ်ဆောင်နေပြီဟု ဒေါ်နယ်ထရမ့်က သတ်မှတ်သည်အထိ စစ်ရေး ထောက်ပံ့မှုကို ရပ်နားထားမည်ဖြစ်ကြောင်း Bloomberg နှင့် Fox News တို့ကလည်း ဖော်ပြခဲ့ပါသည်။
ကိုးကား-TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category