Musk က တက်စလာ ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဆိုရိုးစ်အပေါ် အပြစ်တင်

News Image

  • Musk က တက်စလာ ဆန္ဒပြမှုများနှင့်ပတ်သက်၍ ဆိုရိုးစ်အပေါ် အပြစ်တင်

တက်စလာ CEO အီလွန်မက်က ဘီလီယံနာ ဂျော့ခ်ျဆိုရိုးစ်အပါအဝင် ဩဇာကြီးမားသည့် ပုဂ္ဂိုလ်များစွာမှ ငွေကြေးထောက်ပံ့ထားသည့် ဒီမိုကရက်တစ်ပါတီ၏ အဓိကရန်ပုံငွေရှာဖွေရေးပလက်ဖောင်းဖြစ်သော ActBlue ကို ၎င်း၏ကုမ္ပဏီအား ညှိနှိုင်းတိုက်ခိုက်မှုတစ်ခုကို စီစဉ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

တက်စလာဆန္ဒပြမှုများအတွက် တာဝန်ရှိသော ActBlue ကို ငွေကြေးထောက်ပံ့ထားသည့် အဖွဲ့ ၅ ဖွဲ့ကို စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ရှိခဲ့ကြောင်းနှင့် Troublemakers, Disruption Project, Rise & Resist, Indivisible Project နှင့် Democratic Socialists of America တို့ ဖြစ်သည်ဟု အီလွန်မက်က X တွင် ရေးသားခဲ့သည်။

ActBlue ကို ငွေကြေးထောက်ပံ့သူများတွင် ဂျော့ခ်ျဆိုရိုးစ်၊ Reid Hoffman၊ Herbert Sandler၊ Patricia Bauman နှင့် Leah Hunt-Hendrix တို့ ပါဝင်သည်ဟု ၎င်းက ဖြည့်စွက်ခဲ့သည်။

ဒီမိုကရက်တစ်ပါတီ၏ ရန်ပုံငွေရှာဖွေရေး ပလက်ဖောင်းသည် လက်ရှိတွင် “နိုင်ငံခြားနှင့် တရားမဝင်လှူဒါန်းမှုများကို ခွင့်ပြုခြင်းဖြင့် ရွေးကောက်ပွဲ ငွေကြေးစည်းမျဉ်းများကို ချိုးဖောက်သည့်အတွက် စုံစမ်းစစ်ဆေးမှုခံနေရသည်” ဟု အီလွန်မက်က ပြောကြားခဲ့သည်။ လွန်ခဲ့သော သီတင်းပတ်အတွင်း ActBlue ၏ အထွေထွေ ရှေ့နေ အဖွဲ့ဝင်အပါအဝင် အကြီးတန်းအရာရှိ ၇ ဦး ရာထူးမှနုတ်ထွက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တက်စလာသည် လွန်ခဲ့သောရက်သတ္တပတ် အနည်းငယ်အတွင်း ပြင်းထန်သော ဆန္ဒပြမှုများဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး အမေရိကန် ပြည်ထောင်စုတစ်ဝှမ်းရှိ နေရာပေါင်း ၅၀ ကျော်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက အီလွန်မက်အား “ထွက်သွားရန်” တောင်းဆိုခဲ့ကြပြီး “အီလွန်မက်သည် နာဇီတစ်ယောက်ဖြစ်သည်” စသည့် ဆောင်ပုဒ်များကို အသုံးပြုခဲ့ကြသည်။ ထို့အပြင် တက်စလာ ကားရောင်းဝယ်ရေး စင်တာများစွာသည်လည်း မီးရှို့တိုက်ခိုက်ခြင်းများခံခဲ့ရသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂