ယူကရိန်းထောက်ခံရေး အစည်းအဝေး မတ် ၁၅ တွင် ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ဗြိတိန်ဝန်ကြီးချုပ် ပြောကြား
ယူကရိန်းထောက်ခံရေးနှင့်ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က လာမည့် မတ်လ ၁၅ ရက်တွင် နိုင်ငံတကာအစည်းအဝေးတစ်ရပ်ကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိ သူက ပြောကြားလိုက်ပါသည်။
ယခုပြုလုပ်မည့် အစည်းအဝေးသည် ပြီးခဲ့သည့် မတ်လ ၂ ရက်က လန်ဒန်မြို့ Lancaster House မှာ ပြုလုပ်ခဲ့သည့် ယူကရိန်းကို အကူအညီထောက်ပံ့ပေးရေး အစည်းအဝေးရလဒ်များအပေါ် ထပ်မံ အဖြေရှာမည့် ဆွေးနွေးပွဲဖြစ်ပါသည်။
ပြီးခဲ့သည့်အစည်းအဝေးမှာ ဥရောပ ၁၈ နိုင်ငံနှင့်အဖွဲ့အစည်းများ ပါဝင်ခဲ့သော်လည်း တချို့နိုင်ငံများက ယူကရိန်းကို အပြည့်အဝထောက်ခံရန် မသင့်လျော်ဟု ထောက်ပြခဲ့ကြကြောင်း၊ ထို့ကြောင့် ယူကရိန်း ထောက်ပံ့ပေးရေး ထောက်ခံလိုသူနိုင်ငံများ စုစည်း၍ မတ် ၁၅ ရက်တွင် အွန်လိုင်း အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း Starmer က ထပ်လောင်း ပြောကြားထားပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃