အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ကအကျိုးအမြတ်ရရှိဟုဆို

News Image

  • အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ကအကျိုးအမြတ်ရရှိဟုဆို

အမေရိကန်နှင့် တရုတ်တို့ကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး သဘောထားကွဲလွဲမှု  သို့မဟုတ်   ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်နိုင်ငံက အကျိုးအမြတ်ရရှိနေသည်ဟု ဥရောပသံတမန်ရေးရာ အကြီးအကဲ ကာယာကောလက်က မတ်လ ၁၄ ရက်တွင်ပြောသည်။

အမေရိကန်အစိုးရသည် လက်ရှိတွင် တရုတ်နိုင်ငံနှင့်သာမက ဥရောပနှင့်လည်း ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲလျက်ရှိပြီး အထူးသဖြင့် ပြင်သစ်နိုင်ငံမှ တင်သွင်းလာသည့် ယမကာများအပေါ်  အခွန် ၂၀၀ ရာခိုင်နှုန်းချမှတ်မည်ဟု သမ္မတထရမ့်က ခြိမ်းခြောက်ထားသည်ဟု  ကာယာကောလက်က Bloomberg နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင်  ပြောကြားသည်။ ထို့ကြောင့် အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်အား    ဥရောပသမဂ္ဂ (အီးယူ)က  တုံ့ပြန်ရန်အသင့် ရှိနေပြီဖြစ်သည်။

ထို့ပြင် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသည်  မဟာမိတ် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ကနေဒါနှင့်လည်း အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် အငြင်းပွားလျက်ရှိသည်။  ထို့ကြောင့် အမေရိကန်၏ ကုန်သွယ်ရေးစစ်ပွဲတွင်  အကျိုးအမြတ်ရရှိနေသည့် နိုင်ငံမှာ  တရုတ်နိုင်ငံဖြစ်သည်ဟု ကာယာကောလက်က  ပြောကြားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အီးယူအဖွဲ့ဝင်နိုင်ငံများက   အမေရိကန်မှတင်ပို့သည့် ဝီစကီများအပေါ် အခွန်တိုးမြှင့် ကောက်ခံမည့်အစီအစဉ်အား တုံ့ပြန်မည်ဟုထရမ့်က ခြိမ်းခြောက်ထားသည်။ ထို့ကြောင့် အမေရိကန်နှင့်   ၎င်း၏မဟာမိတ်များအကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေခြင်းသည် တရုတ်နိုင်ငံအား  ထရမ့်အစိုးရနှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေး စစ်ပွဲ၌ အသာစီးရရှိစေရန် ဖန်တီးပေးလျက်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားထားသည်။   

Source: https://myawady.net.mm/