ပူတင်သည် မော်စကိုသို့ ရောက်ရှိလာသော အမေရိကန်သံတမန်နှင့် ယူကရိန်း ပဋိပက္ခရပ်စဲရေး ဆွေးနွေးမည်

News Image

  • ပူတင်သည် မော်စကိုသို့ ရောက်ရှိလာသော အမေရိကန်သံတမန်နှင့် ယူကရိန်း ပဋိပက္ခရပ်စဲရေး ဆွေးနွေးမည်

မော်စကိုသည် ယူကရိန်းပဋိပက္ခတွင် စစ်ပြေငြိမ်းရေးကို ထောက်ခံသော်လည်း အမေရိကန်နှင့် နောက်ဆက်တွဲ သဘောတူညီချက်များအတွက် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် Steve Witkoff သည် မတ်လ ၁၃ ရက်(ကြာသပတေး)နေ့တွင် မော်စကိုသို့ ရောက်ရှိလာပြီး အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ပူတင်၏ အကြီးတန်း နိုင်ငံခြားရေးမူဝါဒ အကြံပေး၏အဆိုအရ အမေရိကန်သံတမန်သည် ယင်းနေ့ညနေပိုင်းတွင် သမ္မတနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

Witkoff သည် အမေရိကန်နှင့် ယူကရိန်းကိုယ်စားလှယ်များ ဆော်ဒီအာရေဗျ၌ မတ်လ ၁၁ ရက်(အင်္ဂါ)နေ့က ဆွေးနွေးပွဲပြုလုပ်ပြီးနောက် ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် အဆိုပြုထားသည့် မော်စကိုနှင့် ၃၀ ရက်ကြာ စစ်ပြေငြိမ်းရေးကို ဆွေးနွေးညှိနှိုင်းရန် ရုရှားမြို့တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂