စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်း ပျက်ကျ

News Image

  • စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်း ပျက်ကျ

မတ်လ(၁၅)ရက်နေ့တွင် တရုတ်ရေတပ်တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့ကြောင်း သိရှိရသည်။ လေယာဉ်မှူးသည် ပျက်ကျသွားသောလေယာဉ်မှ အသက်ကယ်ထိုင်ခုံ စနစ်နှင့်အတူ  အောင်မြင်စွာ လွတ်မြောက်ခဲ့ကြောင်းလည်း သိရပါသည်။ တရုတ်တောင်ပိုင်း စစ်ဒေသကွပ်ကဲမှုဌာနချုပ်က တိုက်လေယာဉ် တစ်စင်းသည် ဟိုင်နန်ပြည်နယ်ဧရိယာအတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ တရုတ်တောင်ပိုင်း စစ်ဒေသ ကွပ်ကဲမှုဌာနချုပ်သည် တောင်တရုတ်ပင်လယ်အပါအဝင် တရုတ်နိုင်ငံ ၏ စစ်ရေးအရ အရေးကြီးနယ်မြေဒေသအချို့ကို ကြီးကြပ်ကွပ်ကဲမှုများ လုပ်ဆောင်နေသောဌာန ဖြစ်သည်ဟုလည်း သိရပါသည်။

ထုတ်ပြန်ချက်တွင် “တရုတ်ရေတပ် တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုတစ်ခုအတွင်း ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူးက ခုံနှင့်အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး ယင်းဖြစ်ရပ်အတွင်း မြေပြင်၌ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း” ရေးသားဖော်ပြထားပါသည်။

ပျက်ကျရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်းသိရှိရပါသည်။ 

ကိုးကား-NP News