ဘိုကလေးမြို့နယ်တွင် ဒေသထွက် တီလားဗီးယားငါးများ အရောင်းအဝယ်ကောင်းမွန်နေ
ဘိုကလေး မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ဒေသထွက်တီလားဗီးယားငါးများ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီထွန်းက ပြောပြသည်။
ဘိုကလေးမြို့နယ် အသားငါးဈေးကွက်တွင် ယခုနှစ် မတ်လပထမပတ်မှ ယနေ့ထိ ဒေသထွက်တီလားဗီးယားငါးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ တီလားဗီးယားငါးတစ်ရက်လျှင် ပိဿာချိန် ၇၀၀ မှ ၁၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“ဒီဘက်ကနေ ရေထွက်ကုန်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ ရောင်းချနေပါတယ်။ ပြင်တွင်းစားသုံးမှုကောင်းလာလို့ အခုလို တီလာဗီးယားငါးတွေ ဝယ်ယူမှု ကောင်းနေတာကြောင့် အရောင်းအဝယ် ကောင်းနေတာပါ။ လက်ရှိ တီလားဗီးယားငါး ပိဿာချိန် တော်တော်များများ အရောင်းအဝယ် ဖြစ်နေပါတယ်။ တီလားဗီးယားငါးပိဿာချိန်တွေ တော်တော်များများ တင်ပို့ရောင်းချနေရတာကြောင့် ရေလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ၊ ရေလုပ်သားတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီတင့်က ပြောပြသည်။
ဘိုကလေးမြို့နယ်တွင် မွေးမြူသည့် တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့် တီလားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါ တီလားဗီးယားငါးသက်တမ်းသည် နှစ်လ ၁၅ ရက်သို့မဟုတ် သုံးလခန့် မွေးမြူရကြောင်းး အဆိုပါတီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၉၈၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ