ဥရောပသမဂ္ဂကောင်စီက ယူကရိန်းကို ယူရို ၃.၅ ဘီလီယံ ပေးချေရန် အတည်ပြု
မတ်လ ၁၇ ရက်တွင် ဘယ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်၌ ကျင်းပလျက်ရှိသည့် ဥရောပသမဂ္ဂအစည်းအဝေးတွင် ဥရောပသမဂ္ဂကောင်စီသည် (Macro-Financial Assistance- MFA) အစီအစဉ်အရ ယူကရိန်းကို ယူရို ၃.၅ ဘီလီယံ ပေးချေရန် အတည်ပြုလိုက်ပါသည်။
ယခုတတိယအကြိမ်ငွေပေးချေမှုအပါအဝင် ဥရောပသမဂ္ဂသည် ယူကရိန်းကို Ukraine Facility ခေါင်းစဉ်အောက်မှ ယူရို ၂၀ ဘီလီယံနီးပါး ပေးဆောင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။
Ukraine Facility ဆိုသည်မှာ ယူကရိန်းနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေး တည်ငြိမ်မှုရှိစေရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ဥရောပသမဂ္ဂ၏ ထောက်ပံ့သည့် အကူအညီအစီအစဉ်တစ်ခု ဖြစ်ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category