ထရမ့်နှင့်ဇီလန်စကီးတို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

News Image

  • ထရမ့်နှင့်ဇီလန်စကီးတို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

ရုရှား-ယူကရိန်းပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် ထရမ့်က အလေးပေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၈ ရက်နေ့တွင် ထရမ့်က ပူတင်နှင့် အချိန် ၂ နာရီကျော်ကြာ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ပြီး နောက်တစ်ရက်တွင် ဇီလန်စကီးနှင့်ထပ်မံ ဆက်သွယ်ဆွေးနွေးခဲ့ပါသည်။

နှစ်ဘက်အဆိုပြုချက်များကို စေ့စပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ပူတင်၏ အကြံပြုချက်များအပေါ် ဇီလန်စကီးနှင့်ထပ်မံဆွေးနွေးရာတွင် ကိယက်ဗ် သည် ရက် ၃၀ ကြာအပစ်အခတ်ရပ်စဲရေးကို လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး မော်စကိုအနေဖြင့်လည်း အပြန်အလှန်လိုက်နာရန် လိုအပ်သည် ဟု ဇီလန်စကီးက ဆိုသည်။

ထရမ့်က ဇီလန်စကီးနှင့် ဆွေးနွေးမှုတွင် ကောင်းမွန်သော ရလဒ်များရရှိခဲ့သည်ဟုဆိုကာ ဆွေးနွေးခဲ့သည့်အကြောင်းအရာများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Michael Waltz တို့က ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂