အီလွန်မက်က ဆန့်ကျင်ဘက် လက်ဝဲယိမ်းအစွန်းရောက်များက ၎င်းကို လုပ်ကြံရန်စီစဉ်နေဟုပြော
အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ် တာဝန်ယူခဲ့သည့် အစိုးရအဖွဲ့တွင် အီလွန်မက် ဦးဆောင်သော DOGE က ဖက်ဒရယ် ရန်ပုံငွေသုံးစွဲမှုများနှင့်ပတ်သက်၍ စိစစ်လျှော့ချမှုများ ဆောင်ရွက်လျက် ရှိပြီး အမေရိကန်ပြည်သူများ၏ အခွန်ငွေများအပေါ် မလိုလားအပ်သော အဂတိမကင်းသည့် လုပ်ဆောင်ခဲ့မှုများ တွေ့ရှိခဲ့မှုနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့မှုများအပေါ် မကျေနပ်သူများက မက်ကို လုပ်ကြံရန် စီစဉ်နေ ကြသည်ဟု မက် ကပြောကြားခဲ့သည်။
ဖက်ဒရယ်ရန်ပုံငွေသုံးစွဲမှုများကို စစ်ဆေးတွေ့ရှိချက်များအရ ယခင် အစိုးရ၏အတားအဆီးမဲ့သုံးစွဲမှုများအပေါ် DOGE က စစ်ဆေးထုတ်ပြန်ထားရှိခဲ့ပြီး မလိုလားအပ်သည့် ဝန်ထမ်းအင်အား ပိုလျှံနေမှုများကိုလည်း လျှော့ချမှုများ ဆောင်ရွက်လျက်ရှိသည်။
သို့သော် ပြိုင်ဘက်ဒီမိုကရက်တို့က Trump အစိုးရအဖွဲ့၏ MAGA မူဝါဒ အရ ဆောင်ရွက်နေခြင်းကို ဝေဖန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး DOGE ဦးဆောင်သူ မက်၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည့် အရာများကို ဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့ကြသည်။
ယခုတွင်ဆန့်ကျင်ဘက်လက်ဝဲယိမ်းအစွန်းရောက်တို့က ၎င်းတို့၏ အယူအဆနှင့် ဆန့်ကျင်သည့်လုပ်ဆောင်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အီလွန်မက်ကို လုပ်ကြံရန်စီစဉ်နေမှုကို မက်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂