ရုရှား-အမေရိကန် ကျွမ်းကျင်သူအဖွဲ့ မကြာမီ အစည်းအဝေးကျင်းပမည်
ရုရှားနှင့်အမေရိကန်ကျွမ်းကျင်သူအဖွဲ့တို့သည် လာမည့်ရက်များအတွင်း ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး ယူကရိန်းကိစ္စ ဖြေရှင်းရေးကဏ္ဍအချို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ကရင်မလင်က ထုတ်ပြန်ထားပါသည်။
အမေရိကန်အထူးကိုယ်စားလှယ် စတိဝစ်ကော့ကလည်း အဆိုပါ ဆွေးနွေးပွဲကို အတည်ပြုပြောကြားထားပြီး ဆော်ဒီနိုင်ငံ ဂျပ်ဒါမြို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း၊ ထိုဆွေးနွေးပွဲတွင် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးမှုများအရ ပင်လယ်နက်ကိစ္စ ပြန်လည်စတင်ဆွေးနွေးမည်ဖြစ်ပြီး စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားနှင့် ယူကရိန်းတို့ အပြန်အလှန်တိုက်ခိုက်မှုများ ရပ်ဆိုင်းရေးအတွက် စေ့စပ်ညှိနှိုင်းကြမည်ဖြစ်ကြောင်းပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၃
MM-News-Category