အမေရိကန်သမ္မတ၏ VOA သတင်းဌာနပိတ်သိမ်းခြင်းကို ကမ္ဘောဒီးယား ကြိုဆို
ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်ဟောင်း Hun Sen က အမေရိကန်အသံ (VOA) သတင်းဌာနနှင့် လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနများကို ဖျက်သိမ်းရန် အမေရိကန်သမ္မတ Donald Trump ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါသည်။ အဆိုပါသတင်းဌာနများသည် ဖယ်ဒရယ်အစိုးရရန်ပုံငွေနှင့် နိုင်ငံတကာသတင်းများကို ဖြန့်ဝေနေသည် အမေရိကန် သတင်းဌာနများ ဖြစ်သည်။
Hun Sen က “သတင်းတုများကို တိုက်ဖျက်ရာတွင် ကမ္ဘာကို ဦးဆောင်နိုင်သည့်သတ္တိအတွက် သမ္မတ Donald Trump ကို အထူးကျေးဇူးတင်သင့်သည်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့ပါသည်။
အဆိုပါသတင်းဌာန ၂ ခု၏ ပင်မအေဂျင်စီ အစိတ်အပိုင်းများနှင့် လုပ်ဆောင်ချက်များကို လျှော့ချရန်သမ္မတအမိန့်ကို Trump က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။
အဆိုပါသမ္မတအမိန့်ကို တုံ့ပြန်သည့်အနေဖြင့် VOA ဒါရိုက်တာ Michael Abramowitz က ထိုစီမံချက်သည် လုံခြုံပြီးလွတ်လပ်သည့် ကမ္ဘာကို ဖန်တီးရန် လုပ်ဆောင်နေသည့် အေဂျင်စီ၏ စွမ်းရည်ကို အကြီးအကျယ် ထိခိုက်စေသည်ဟု ဝေဖန်ခဲ့ပါသည်။
ကမ္ဘောဒီးယားအစိုးရသည် ၎င်းနိုင်ငံ၏အကျိုုးကိုထိခိုက်စေနိုင်သည့် အခြေအမြစ်မရှိသော သတင်းမှားများ ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အမေရိကန်၏ ယခုလုပ်ဆောင်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင်သာမက အခြားနိုင်ငံများအတွက်ပါ လွန်စွာကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း ဒေသတွင်းနိုင်ငံများက ထောက်ခံကြိုဆိုခဲ့ကြသည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂