အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) နှင့် သတင်းထောက် တာကာ ကာလ်ဆင် (Tucker Carlson) နှင့် တွေ့ဆုံမေးမြန်းခန်းမှ အဓိကအချက်များ ကောက်နုတ်ဖော်ပြချက်
ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံမှု
ရုရှားသမ္မတက ပေးအပ်ခဲ့သည့် ထိပ်တန်း ရုရှား ပန်းချီဆရာတစ်ဦး ရေးဆွဲထားသော အမေရိကန်ခေါင်းဆောင် ထရမ့်၏ ပုံတူကို ပန်းချီကားကို သမ္မတဒေါ်နယ်ထရမ့်ထံ ပို့ဆောင်ပြီးဖြစ်ပါကြောင်း အမေရိကန် သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ပြောကြားခဲ့ပါသည်။
မဲဆွယ်ကာလအတွင်း ထရမ့်အား လုပ်ကြံရန် ကြိုးပမ်းခံရမှုအပေါ် ရုရှား သမ္မတသည် ၎င်း၏ဘာသာရေးလှုပ်ရှားမှုအဖြစ် ဘုရားကျောင်းသို့ သွားကာ သမ္မတထရမ့်အတွက် ဆုတောင်းပေးခဲ့ကြောင်း အမေရိကန် သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ဖွင့်ဟပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ရုရှား - အမေရိကန် ဆက်ဆံရေးကို ပြန်လည်ထူထောင်လိုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ သတင်းစကားကိုသမ္မတ ပူတင်ထံ ပေးပို့ခဲ့ပြီး ရုရှားသမ္မတက အဆိုပါကိစ္စတွင် အပြန်အလှန် သဘောတူညီမှုရှိကြောင်း ပြသခဲ့သည်ဟု ပြောကြားခဲ့ပါသည်။
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) ၏ အမြင်တွင် သမ္မတပူတင်သည် "ကြင်နာဖော်ရွေပြီး" အမေရိကန် ကိုယ်စားလှယ်ကို ဧည့်ခံခြင်းဖြင့် အပြုသဘောဆောင်သော အထင်အမြင်ကိုရရှိခဲ့ပါသည်။
ရုရှားနှင့် အမေရိကန်သမ္မတများ ၏ ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှု
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် လာမည့်လအနည်းငယ်အတွင်း တွေ့ဆုံနိုင်သည်ဟု ခန့်မှန်း ပြောကြားခဲ့ပါသည်။
ယူကရိန်းပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများ
ရုရှားနှင့်ဆွေးနွေးရာတွင် အမေရိကန်ပြည်ထောင်စုသည် “အလွန်ကြီးမားသော” တိုးတက်မှုကို ရရှိခဲ့သည်။
ရုရှားသိမ်းပိုက်ထားသောဒေသများ၏ အခြေအနေကို အမေရိကန် ပြည်ထောင်စု က "အဓိကအရေးပါသော ကိစ္စ" အဖြစ် သတ်မှတ်ထားပါသည်။
ရုရှားအနေဖြင့် အပြီးသတ်အပစ်အခတ်ရပ်စဲရေးအတွက် လိုအပ်မည့် အခြေအနေများရှိပြီး ၎င်းသည် “ရှုပ်ထွေးခက်ခဲသောကိစ္စ” တစ်ခု ဖြစ်ပါသည်။
ရုရှားနှင့် ယူကရိန်းဘက်မှ ပင်လယ်နက်ရှိ သင်္ဘောများကို တိုက်ခိုက်ခြင်းအား ယာယီဆိုင်းငံ့မှုကို လာမည့်သီတင်းပတ်တွင် စတင်နိုင်ပါသည်။
ယူကရိန်းအား ကူညီထောက်ပံ့မှုနှင့် နေတိုးအဖွဲ့ဝင်ဖြစ်ခြင်း
အမေရိကန်ပြည်ထောင်စုသည် ယူကရိန်းကို ထာဝရငွေကြေးထောက်ပံ့ပေးနိုင်မည်မဟုတ်ဘဲ ပဋိပက္ခကို နျူကလီးယားလက်နက်အသုံးပြုသည့် အချိန်အထိ ခေါ်ဆောင်သွားနိုင်မည်ကို စိုးရိမ်ပါကြောင်း ပြောကြားခဲ့ ပါသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးသည် ယူကရိန်းသည် နေတိုးမဟာမိတ် အဖွဲ့ဝင်ဖြစ်လာမည်မဟုတ်ဟူသောအချက်ကို “အတော်အသင့် သဘောတူ” ခဲ့ပါကြောင်းပြောကြားခဲ့ပါသည်။
ဥရောပအပေါ် ခြိမ်းခြောက်မှု
အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ရုရှားတွင် ဥရောပနိုင်ငံများကို တိုက်ခိုက်ရန် အစီအစဉ် မရှိကြောင်း ၁၀၀% သေချာသည်ဟု ပြောကြားခဲ့ပါသည်။
ယူကရိန်းတွင် ရွေးကောက်ပွဲများ
ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟူသောအချက်ကို ယူကရိန်း အစိုးရက သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးကိုယ်စား လှယ် စတီဗင် ဝစ်ကို့ဖ် (Steven Witkoff) က ပြောကြားခဲ့ပါသည်။
ကိုးကား- RIA Novosti