Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးရဖွယ်ရှိသည်ဟု ယူကရိန်း စိုးရိမ်နေ
ယူကရိန်းသမ္မတအကြံပေးများသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က Odessa ဒေသကို ရုရှားသို့ လွှဲပြောင်းပေးနိုင်သည်ဟု စိုးရိမ်နေကြကြောင်း၊ မကြာမီတွင် ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့အကြား နယ်မြေကိစ္စကို ဆွေးနွေး ဖွယ်ရှိကြောင်း The New York Times သတင်းစာက ဖော်ပြထားပါသည်။
သမ္မတထရမ့်က မည်သည့်ဒေသဟု အတိအကျ ပြောကြားထားခြင်းမျိုး မရှိသေးပါကြောင်း၊ ရုရှားတပ်များ ထိန်းချုပ်ပြီးသား ဒေသများကို ရုရှားက ဆက်လက်ထိန်းချုပ်ရမည်ဟု အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ကြေညာ ပြီးဖြစ်ကြောင်း သတင်းစာက ဖြည့်စွက်ဖော်ပြထားပါသည်။
ထို့ပြင် ယူကရိန်းပဋိပက္ခဖြေရှင်းရေး သဘောတူညီချက်အတွင်း ထရမ့်သည် နယ်မြေများ လွှဲပြောင်းပေးရေးအတွက် ပူတင်၏ ဆန္ဒကို လိုက်လျော နိုင်ဖွယ်ရှိကြောင်း၊ ထိုသို့ဖြစ်ပါက Odessa ဆိပ်ကမ်းမြို့မှာလည်း ပါဝင် နိုင်သည်မှာ သေချာသလောက် ရှိနေပါကြောင်း၊ ရုရှားသည် ခရိုင်းမီးယား ဒေသကို ဆက်လက်ထိန်းချုပ်သွားမည်မှာ မလွှဲမသွေဖြစ်ကြောင်း သတင်းစာ က ဆက်လက်ဖော်ပြထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃