ဂါဇာတွင် UN ဝန်ထမ်းလျှော့ချရန် အတွင်းရေးမှူးချုပ် ဆုံးဖြတ်

News Image

  • ဂါဇာတွင် UN ဝန်ထမ်းလျှော့ချရန် အတွင်းရေးမှူးချုပ် ဆုံးဖြတ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကို ဆိုင်းငံ့ထားခြင်းကြောင့် ထိုဒေသရှိ ကုလသမဂ္ဂဝန်ထမ်းအရေအတွက်ကို လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းစာရှင်းလင်းပွဲတွင် ကြေညာလိုက်ပါသည်။ 

“လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များ တိုးမြင့်လာပြီး အရပ်သားများကို အကာအကွယ်ပေးရန် စိုးရိမ်မှုများ ပိုမိုတိုးပွားလာ နေချိန်မှာ ဂါဇာမှာရှိသည့် မိမိတို့ ကုလသမဂ္ဂဝန်ထမ်းတွေလျှော့ချရန် အတွင်းရေးမှူးချုပ်က ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချမှတ်လိုက်ရခြင်း ဖြစ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

UN သည် ဂါဇာကမ်းမြောင်မှ ထွက်ခွာမည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။ “အရပ်သားများ၏ အသက်ရှင်သန်မှုနှင့် အကာအကွယ်အတွက် လိုအပ်သည့် အကူအညီများကို ဆက်ပြီးပံ့ပိုးပေးရန် မိမိတို့ ကတိပြုထားပါသည်” ဟု ၎င်းက အလေးအနက်ပြောကြားထားပါသည်။  

မတ် ၁၈ ရက်က အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီက တည်ဆောက်ထားသည့် အပစ်အခတ်ရပ်စဲရေးအတွက် အနှောက်အယှက်ဖြစ်ခဲ့ရပါသည်။ 

ကိုးကား- TASS

Photo: The Hill

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃