တရုတ်နိုင်ငံသည် အဏုမြူသတ္တုများ (နျူကလီးယားပစ္စည်း) အသုံးပြုထားခြင်းမရှိသော ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့
တရုတ်နိုင်ငံသည် အဏုမြူသတ္တုများ (နျူကလီးယားပစ္စည်း) အသုံးပြုထားခြင်းမရှိသော ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း South China Morning Post က ဖော်ပြထားပါသည်။
နှစ်ကီလိုဂရမ်ရှိသော အဆိုပါဗုံးပေါက်ကွဲမှုသည် စင်တီဂရိတ် ၁,၀၀၀ ဒီဂရီခန့်ရှိသော မီးတောက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး၊ ယင်းမီးတောက် သည် ၂ စက္ကန့်ကျော်ကြာရှည်ခဲ့သည်။ အဆိုပါကြာချိန်သည် TNT ဖြင့် ပေါက်ကွဲမှုတစ်ခု၏ ပျမ်းမျှကြာချိန်ထက် ၁၅ ဆ ပိုကြာရှည်ခံခဲ့သည်။
ထိုဗုံးတွင် အဏုမြူသတ္တုများ (နျူကလီးယားပစ္စည်း) လုံးဝအသုံးမပြုထားကြောင်း သိရသည်။
ထိုစမ်းသပ်မှုသည် သမားရိုးကျ နျူကလီးယားလက်နက်မဟုတ်သော်လည်း စွမ်းအားပြင်းထန်သည့် စိတ်ဝင်စားဖွယ် နည်းပညာအသစ်တစ်ရပ်ကို မီးမောင်းထိုးပြနေပါသည်။
ကိုးကား - South China Morning Post
MM-News-Category