တန်ချိန် ၁၀၀၀၀ သင်္ဘောများကိုရင်ဆိုင်မယ့် တန်ချိန် ၂၀၀ ရေယာဉ်များ

News Image

  • တန်ချိန် ၁၀၀၀၀ သင်္ဘောများကိုရင်ဆိုင်မယ့် တန်ချိန် ၂၀၀ ရေယာဉ်များ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေတပ်က Type 22 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များကို တောင်တရုတ်ပင်လယ်ထဲမှာ  ဖြန့်ကြက်ချထား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအနီးနားမှာ သူတို့ရဲ့ ရပ်တည်မှုကို ပိုမိုခိုင်မာစေဖို့အတွက် ဆက်လက်လုပ်ဆောင်လာချိန်မှာ တရုတ် တပ်မတော်က အခုလိုဖြန့်ကြက်လိုက် တာပါ။

အမေရိကန်က တောင်တရုတ်ပင်လယ်ထဲမှာအသုံးပြုနေတဲ့စစ်ရေယာဉ်များက တန်ချိန် ၁၀၀၀၀ အထက်ရှိတဲ့ ရေယာဉ်ကြီးများဖြစ်ပါတယ်။ အခု တရုတ်တပ်မတော်က ဖြန့်ကြက်လိုက်တဲ့စစ်ရေယာဉ်တွေကတော့ တန်ချိန် ၂၀၀ သာရှိတာကို တွေ့ရပါတယ်။ အဲဒီအမြန်သွားစစ်ရေယာဉ်များက တန်ချိန်အားဖြင့်နည်းပါးတယ်ဆိုသော်ငြားလည်း စစ်ရေယာဉ်ကြီးများကို ထိရောက်စွာရင်ဆိုင်ဟန့်တားနိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်။

အထူးသဖြင့် Type 22 အမြန်သွားစစ်ရေယာဉ်တွေကို ကိုယ်ပျောက်နည်းပညာနဲ့တည်ဆောက်ထားတဲ့အတွက် အရေးကြီးတဲ့စစ်ဆင်ရေးလိုအပ်ချက်ကို ဖြည့် ဆည်းပေးလိုက်တဲ့သဘောပါပဲ။ မကြာ သေးမီကလုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုမှာဆိုရင် တန်ချိန် ၈၀၀၀ ကြားကနေ ၉၀၀၀ ကြားရှိတဲ့ စစ်ရေယာဉ်တစ်စင်းက သတ်မှတ်ဧရိယာထဲဝင်လာချိန်မှာ Type 22 ရေယာဉ်က လျင်မြန်ဖျတ်လတ်လှတဲ့ အရှိန်နဲ့သွားပြီး အဲဒီစစ်ရေယာဉ်ကို တားဆီးနိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။                  

Ref: IE K.H