အမေရိကန်-အီရန် စတုတ္တအကြိမ် ဆွေးနွေးပွဲ မေ ၃ တွင် ရောမ၌ ပြုလုပ်မည်

News Image

  • အမေရိကန်-အီရန် စတုတ္တအကြိမ် ဆွေးနွေးပွဲ မေ ၃ တွင် ရောမ၌   ပြုလုပ်မည်

အမေရိကန်နှင့် အီရန်တို့၏ စတုတ္တအကြိမ် ဆွေးနွေးပွဲကို မေလ ၃ ရက် တွင် အီတလီနိုင်ငံ ရောမမြို့၌ ပြုလုပ်မည်ဖြစ်သည်ဟု Axios သတင်းဌာနက ပြောကြားထားပါသည်။ 

ထိုတွေ့ဆုံပွဲမတိုင်မီ မေလ ၂ ရက်တွင် အီရန်သည် နျူကလီးယား သဘောတူစာချုပ်ကိစ္စ ဆွေးနွေးရန် ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်တို့နှင့် တွေ့ဆုံလိုကြောင်း အဆိုပြုထားသော်လည်း အဆိုပါဥရောပနိုင်ငံများ ဘက်က ပြန်ကြားလာခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။

နျူကလီးယားကိစ္စနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် အီရန်တို့၏ ပထမအကြိမ် ဆွေးနွေးပွဲကို ဧပြီ ၁၂ ရက်တွင် အိုမန်ရှိ Muscat ၌လည်းကောင်း၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဧပြီ ၁၉ ရက်တွင် ရောမမြို့၌လည်းကောင်း၊ တတိယအကြိမ်ဆွေးနွေးပွဲကို ဧပြီ ၂၆ ရက်တွင် အိုမန်၌ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃