Skip to main content
Home
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

ပါကစ္စတန်နိုင်ငံ Bahawalpur သို့ အိန္ဒိယဒုံးပျံ ပစ်ခတ်မှုအားတွေ့ရစဥ်

saceditor Wed, 05/07/2025 - 14:07

News Image

  • ပါကစ္စတန်နိုင်ငံ Bahawalpur သို့ အိန္ဒိယဒုံးပျံ ပစ်ခတ်မှုအားတွေ့ရစဥ်

News Video

MM-News-Category
လုံခြုံရေးကဏ္ဍသတင်းများ
လုံခြုံရေး-နိုင်ငံတကာသတင်း

ဆက်စပ်သတင်းများ

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား
ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ နှစ်ဖက်တပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုဖြစ်ပွား
ဗန်ကောက် ဇူလိုင် ၂၄ ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်  ၌ ယနေ့တွင် နှစ်ဖက်တပ်ဖွဲ့ဝင် များကြား တိုက်ပွဲများပြင်းထန်စွာ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ နယ်စပ်တိုက်ပွဲများ အတွင်း ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များသည် အမြောက်များ အပါအဝင် လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာ  ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းတွင် အနည်းဆုံး အရပ်သားကိုးဦး၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် အနည်း ဆုံး အရပ်သားကိုးဦး သေဆုံး ခဲ့ရသည်။ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းအစိုးရ က ဇူလိုင် ၂၃ ရက်တွင် ပြန်လည် ခေါ်ယူခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးကို လည်း နှင်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယနေ့ တိုက်ပွဲများအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့ ဝင်များသည် နှစ်နိုင်ငံနယ်စပ်တစ် လျှောက် အနည်းဆုံးနေရာပေါင်း ခြောက်နေရာတို့၌ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ပဋိပက္ခများ ဖြစ်ပွားနေစဉ် ထိုင်းလေတပ်မှ အက်ဖ်-၁၆ တိုက် လေယာဉ်တစ်စင်းက ကမ္ဘော ဒီးယား စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ထားသည်။ယခုနှစ်မေလအတွင်း နှစ်နိုင်ငံ နယ်စပ်၌ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရပြီးနောက် ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံ  ဆက်ဆံရေး  စတင်တင်းမာခဲ့ ရသည်။နယ်စပ်ချင်းမိုင်ပေါင်း ၅၀၀ ကျော် ဆက်စပ်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ရှေးယခင် ကလည်း နယ်စပ်ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများကြောင့် ပဋိပက္ခ များဖြစ်ပွားခဲ့ဖူးကြောင်းသိ ရသည်။Ref: XinhuaTrs: KKO
Fri, 25-Jul-2025
KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်
KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စုကားလမ်းမကြီးအား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ဖွင့်လှစ်
နေပြည်တော် ဇူလိုင် ၂၄ကော့ကရိတ်မြို့သည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်တွင်ပါဝင်၍ ဘားအံ-မြဝတီ ကားလမ်းကြီးအပေါ်တွင်တည်ရှိပြီး စီးပွားရေးအချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သော မြဝတီမြို့နှင့် ၄၁ မိုင်ခန့်သာကွာဝေးပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကကျသည့် အာရှလမ်းမကြီး ပေါ်တွင်တည်ရှိကာ ကော့ကရိတ်မြို့မှ မြဝတီမြို့-ဘားအံ-မော်လမြိုင်နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော အဓိကအချက်အချာကျသည့် လမ်းဆုံမြို့တစ်မြို့ဖြစ်သည်။                               ထိုသို့ အာရှလမ်းမကြီးပေါ်ရှိ အဓိက အချက်အချာကျသည့် ကော့ကရိတ်မြို့နှင့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ထိန်းချုပ်ရန်၊ နယ်စပ် ကုန်စည်စီးဆင်းမှုနှင့် အစိုးရ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်ရည်ရွယ်၍ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ဌာနချုပ်များအား အပြီးအပိုင် သိမ်းပိုက်ရန်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်-သင်္ကန်းညီနောင် လမ်းဟောင်းအတိုင်း ကော့ကရိတ်မြို့ မြောက်ဘက်ရှိကောင်းမှုကျေးရွာ၊ ရန်ကုတ်ကျေးရွာနှင့် ကြောင်ရှာကုန်းကျေးရွာတို့မှလည်းကောင်း၊ မြို့တောင်ဘက် လမ်းဖာ-အစွန်း-တမိုင်ကုန်းမှလည်းကောင်း၊ စစ်ကြောင်း ၂ ကြောင်းဖြင့် ကော့ကရိတ်မြို့အတွင်းသို့ ဝင်ရောက်နိုင်ရေး ဆောင်ရွက်ခဲ့သည့်အပြင် အဝေးမှနေ၍ လက်နက်ကြီးများဖြင့် မြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများကြောင့် ရုံး/ဌာနအဆောက်အအုံများနှင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့၏ တိုက်တာအိုးအိမ်အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ယာယီနေရပ်စွန့်ခွာခဲ့ရသည်။တပ်မတော်စစ်ကြောင်းများအနေဖြင့် ကော့ကရိတ်မြို့နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်များ ရန်သူ့လက်သို့ ကျရောက်ခြင်းမရှိ စေရေးအတွက် မိမိတို့၏အသက်ကို ပဓာနမထားဘဲ သစ္စာ(၄)ချက် ရွတ်ဆိုကြသည့် တပ်မတော် သားကောင်းရတနာများပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ရွပ်ရွပ်ချွံချွံဖြင့် မြို့တွင်းခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် တိုက်ခိုက်ခဲ့ ရာ ဧပြီလ ၁၉ ရက်မှ ၂၂ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အထိအခိုက်အကျအဆုံးများစွာ ဖရိုဖရဲပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ထိုသို့ ဆုတ်ခွာထွက်ပြေးသွား ပြီးနောက် KNU ၊ KNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် NCA လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက်နားလည်မှုဖြင့် ခွင့်ပြုပေးထားသည့် မြန်မာ-ထိုင်း နယ်စပ်အနီး ၎င်းတို့အဖွဲ့အစည်း နေထိုင်သည့်နေရာများ၌ ပြည်တွင်းမှ နိုင်ငံရေးအရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကရင်ပြည်နယ်နှင့် ထိုင်းနယ်စပ်အနီးသို့ ထွက်ပြေးရောက်ရှိလာသည့် ကျောင်းသား/လူငယ်များအားလုံးအား နိုင်ငံရေး၊ စစ်ရေးမက်လုံးများပေးလျက် သွေးကြွစေပြီး အဆိုပါလူငယ်များအား အကြမ်းဖက်သင်ခန်းစာ သင်ကြားပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း စသည့်အခွင့်အရေးများ အပြည့်အဝရယူအသုံးချကာ KNU၊ KNLA အဖွဲ့၏ အင်အားတိုးပွား တောင့်တင်းခိုင်မာစေရေးနှင့် KNU၊ KNLA အဖွဲ့၏ ရှေ့ကာတပ်အဖြစ် အသေခံအသုံးချခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်ပူးပေါင်း အဖွဲ့များပူးပေါင်းလျက် ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များအား ပြန်လည်အကောင်အထည်ဖော် ရန်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အဓိကအချက်အချာကျသည့် ဘားအံ-ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမကြီးနှင့် ကျုံဒိုးမြို့နှင့် ကော့ကရိတ် မြို့အား အပြီးအပိုင် သိမ်းပိုက်နိုင် ရေး ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ သာလွန်အင်အားများဖြင့် လမ်းကြောင်း ၅ ကြောင်းဖြစ်သည့် အောက်ဘိုတဲ-ရန်ကုတ်-ကော့ကရိတ်လမ်းကြောင်း၊ အောက်ဘိုတဲ- မြပတိုင်-အုန်းတပင်-အင်းကြီး-ကျုံဒိုးလမ်းကြောင်း၊ မိကလုံ-နောင်တမံ-တာဝါလဲ-နွားခြံကုန်း-ကျုံဒိုးလမ်းကြောင်း၊ တောင်ကြာအင်း-မြောက်ကြာအင်း-ကိုးတိုင်-ငါးတိုင်-လေးတိုင်လမ်းကြောင်း၊ စက္ကဝက်-အောင်လှိုင်-တမိုင်ကုန်း-ကော့ကရိတ် လမ်းကြောင်းများဖြင့် ထပ်မံဝင်ရောက်လာပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပိတ်ဆို့ပြီး ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့အား အပြင်းအထန်တိုက်ခိုက်လာခဲ့သည်။ ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုများကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး အဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ နေထိုင်စားသောက်ရေးတို့တွင်များစွာ အခက်အခဲဖြစ်ပေါ်ခဲ့ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုများ နိမ့်ကျခဲ့ရကြောင်း သိရှိရသည်။ထိုသို့ KNU ၊ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များ နှောင့်ယှက်ပိတ်ဆို့ထားသည့် လမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားလာနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှစ၍ တပ်မတော်စစ်ကြောင်းများက တပ်မတော်၏ အစဉ်အလာကောင်းများနှင့်အညီ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်၊ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စိတ်ဓာတ်တို့ဖြင့် ကျုံဒိုး-ကော့ကရိတ်ကြားတွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလ ၃ လကျော်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲ ကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူခေါင်းဆောင်ပိုင်းအချို့ ပြင်းထန်စွာဒဏ်ရာရရှိခြင်းအပါအဝင် ရန်သူထံမှ အလောင်း ၁၇ လောင်း၊ လက်နက်မျိုးစုံ ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ ထိခိုက်ကျဆုံးခဲ့ပြီး ယနေ့ဇူလိုင်လ ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ခဲ့ကာ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်ကို တပ်မတော်က အပြီးတိုင်ရိုက်ချိုးနိုင်ခဲ့သည်။အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးစဉ် ဆောင်ရွက်နေကျ ဖြစ်သည့် အဖျက်အမှောင့်လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကားလမ်းများပေါ်၌ သစ်ပင်သစ်ကိုင်းများဖြင့် ကန့်လန့်ဖြတ် ပိတ်ဆို့ခြင်း၊ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ ညီညာသာလင်းတံတားနှင့် ၅ တိုင် တံတားအပါအဝင် အခြားလမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါလမ်းမကြီးတစ်လျှောက်တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များ၊ ခရီးသွားမော်တော် ယာဉ်များဘေးကင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရေး၊ အကြမ်းဖက်သောင်းကျန်းသူများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြဝတီမှတစ်ဆင့် အာရှလမ်းမကြီးပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေး ကျန်ရှိနေသည့် လမ်းပိုင်းအချို့အား အမြန်ဆုံးဆက်လက်ရှင်းလင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ကျုံဒိုး-ကော့ကရိတ်မြို့များ၏ ဒုတိယအကြိမ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများအား တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။MOI
Fri, 25-Jul-2025
အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုတို့အတွက် အမေရိကန်အနေဖြင့် အသုံးစရိတ်တိုးမြှင့်
အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ် ထုတ်လုပ်မှုတို့အတွက် အမေရိကန်အနေဖြင့် အသုံးစရိတ်တိုးမြှင့်
အမေရိကန်ပြည်ထောင်စုသည် အာကာသနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်  ထုတ်လုပ်မှုတို့အတွက် အသုံးစရိတ်အဖြစ် ဒေါ်လာ ၄၉ ဒသမ ၆ ဘီလီယံအထိ တိုးမြှင့်အသုံးပြုခဲ့သည်။အသုံးစရိတ်တိုးမြှင့်မှုကြောင့်  ပြီးခဲ့သည့်နှစ်ကထက် ၇ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာကြောင်း Bloom-berg က ဇူလိုင်လ ၂၂ ရက်တွင်ဖော်ပြသည်။အမေရိကန်အစိုးရသည် လက်ရှိတွင် အာကာသနယ်ပယ်ကာကွယ်ရေးနှင့် Golden Dome ဒုံးကျည် ကာကွယ်ရေးစနစ် ထုတ်လုပ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေခြင်းကြောင့် အသုံးစရိတ်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိသည်။ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများမှ ပြုလုပ်လာနိုင်ဖွယ်ရှိသည့်တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်မည့် အာကာသလက်နက်များထုတ်လုပ်ရန်အတွက် ၂၀၂၆ ခုနှစ်တွင် ဒေါ်လာ ၁၆ ဘီလီယံနှင့်    နိုင်ငံပိုင်နက်အတွင်းသို့ ပြိုင်ဘက်နိုင်ငံများ၏ဒရုန်းများ၊ ဒုံးကျည်များနှင့်   အသံထက်မြန် သည့်ယာဉ်များ ဝင်ရောက်လာခြင်းကို     ရှာဖွေဖော်ထုတ်နိုင်သည့် ဂြိုဟ်တုအသစ်တစ်စင်း  တည်ဆောက်ရန်အတွက် အနည်းဆုံးဒေါ်လာ ၇ ဒသမ ၂ ဘီလီယံတို့ကို အသုံးပြုမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။အမေရိကန်ပြည်ထောင်စု၏ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်သည် မရှိမဖြစ်လိုအပ်သည်ဟု   အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခုနှစ် မေလအတွင်းက ပြောကြားထားပြီး အစိုးရက အဆိုပါအစီအစဉ်အတွက် ဒေါ်လာ ၁၇၅ ဘီလီယံကို လျာထားကြောင်း  Bloomberg    တွင် ဆက်လက်ဖော်ပြထားသည်။Ref: IvMWD Web Portal
Thu, 24-Jul-2025
ဟက်ကာများက Microsoft ကုမ္ပဏီ၏ Share Point Software အားနည်းချက်ကိုအသုံးချ၍ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်
ဟက်ကာများက Microsoft ကုမ္ပဏီ၏ Share Point Software အားနည်းချက်ကိုအသုံးချ၍ ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်
ဟက်ကာများသည်   ကမ္ဘာကျော် Microsoft ကုမ္ပဏီ၏  အရေးပါသည့် လုံခြုံရေး Share Point Software ၏ အားနည်းချက်ကိုအသုံးချ၍   ကမ္ဘာတစ်ဝန်းတွင် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း Washington Post သတင်းစာကြီးက ဇူလိုင်လ၂၁ ရက်တွင် ဖော်ပြသည်။ဆိုက်ဘာတိုက်ခိုက်မှုများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခြင်းဖြစ်ပြီး ဟက်ကာများသည် Share  Point Software ၏ အားနည်းချက်ကို အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့များနှင့်   တစ်ကမ္ဘာလုံးရှိ စီးပွားရေး လုပ်ငန်းများက အသုံးပြုနေသည့် အချက်အလက်ဝေမျှရေးစနစ်အတွင်းသို့ ထိုးဖောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း    အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်      သုတေသီများ၏ ပြောကြားချက်ကိုကိုးကား၍ သတင်းစာကဖော်ပြခြင်း ဖြစ်သည်။ဟက်ကာများသည်    အထူးသဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘရာဇီး၊ ဥရောပသမဂ္ဂအဖွဲ့၊  တရုတ်နိုင်ငံ အတွင်းရှိ အဖွဲ့အစည်းများကို    အဓိကထားတိုက်ခိုက်ခြင်းဖြစ်သည်။ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုသည်   မည်သည့်နိုင်ငံ၊  မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို လက်ရှိတွင် မသိရသေးသော်လည်း Microsoft ကုမ္ပဏီအနေဖြင့် လောလောဆယ်တွင် ဆိုက်ဘာတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၊  ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ဆိုက်ဘာတိုက်ခိုက်ခံရသည့် အမေရိကန်အဖွဲ့အစည်းများတွင်     နျူကလီးယားလက်နက်ဆိုင်ရာ   အေဂျင်စီအဖွဲ့လည်းပါဝင်သည်။ထို့ကြောင့်   နိုင်ငံအများအပြားသည် ယခုအခါ အနောက်နိုင်ငံများမှ နည်းပညာဝန်ဆောင်မှု ကုမ္ပဏီများအပေါ် အမှီသဟဲပြုခြင်းအား  တဖြည်းဖြည်းလျှော့ချ၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက်     ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးပမ်းလာကြပြီဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်မှစ၍  ပြည်ပမှထုတ်လုပ်ထားသည့် Hardware နှင့် Software များ၏နေရာတွင် ပြည်တွင်းဖြစ် နည်းပညာများဖြင့် အစားထိုးနိုင်ရန်  ကြိုးပမ်းလျက်ရှိသည်။                                   Ref: RtMWD Web Portal
Thu, 24-Jul-2025
တိုဂိုနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအတည်ပြု
တိုဂိုနိုင်ငံနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရန် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအတည်ပြု
ရုရှားနှင့်တိုဂိုနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန်အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ရုရှားအစိုးရက အတည်ပြုလိုက်ကြောင်း ရုရှားမီဒီယာကြီးတစ်ခုက ဖော်ပြသည်။အဆိုပါဥပဒေမူကြမ်းသည် ရုရှားနိုင်ငံက အနောက်အာဖရိကဒေသနှင့် ကာကွယ်ရေးဆက်ဆံမှု တိုးမြှင့်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး      တိုဂိုနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွင် ရုရှားနိုင်ငံက   တိုဂိုတပ်မတော်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပေးအပ်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်စေခြင်းနှင့် ဆေးဝါးကုသရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း ရုရှားအစိုးရကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ရုရှားရှေ့နေများဘုတ်အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဗလာဒီမာ ဂရက်ဒက်ဗ်ကပြောကြားသည်။တိုဂိုနိုင်ငံသည်  အာဖရိကဒေသရှိ ရုရှားနိုင်ငံ၏      မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မကြာမီနှစ်များအတွင်း ၎င်းနိုင်ငံအတွင်းရှိ ပြင်သစ်နိုင်ငံ၏လွှမ်းမိုးမှုများ တဖြည်းဖြည်း လျော့ကျလာပြီးနောက်  ရုရှားနိုင်ငံက အဆိုပါအာဖရိကနိုင်ငံနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လာခြင်းဖြစ်သည်။ထို့ပြင် တိုဂိုနိုင်ငံ၏ အနောက်အာဖရိကအိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘာကီနာဖာဆို၊ မာလီနှင့် နိုင်ဂျာ နိုင်ငံတို့သည် ယခုအခါ ပြင်သစ်နိုင်ငံနှင့် ကာကွယ်ရေးအရဆက်ဆံမှုများကို ဖြတ်တောက်ပစ်ပြီးနောက် လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတို့တွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။       Ref: Rt
Thu, 24-Jul-2025
လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
လယ်ဝေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၂၃လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့ စောနေပိုင် (ခ) နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး (ခ) မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့အား စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် ၂ စီးပေါ်မှ ဘိန်းဖြူ ၆၇ ဒသမ ၃၃ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၈၃၂၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများအား လက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့် (ခ) သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား လွိုင်ကော်မြို့နေ ခွန်နေလင်းအောင် (ခ) အားသိုက် (ခ) ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိုင်ကော်မြို့နေ သူရိန်စိုး (ခ) ဖိုးသာထူး (ခ)ဖိုးလုံးမှ လာရောက်ပို့ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင် (ခ) နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး (ခ) မိုးဒီတို့မှ လက်ခံ၍ပု ဗ္ဗသီရိမြို့နယ်နေ သိန်းမြင့် (ခ) သိန်းဟန်ထံသို့ လွှဲပြောင်း ပေးခဲ့သဖြင့် ၎င်းမှ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။MOI
Thu, 24-Jul-2025

Information

  • Today Visitors: 175
  • Unique Visitor: 15879
  • Total Visitor: 135109

Event & Guidlines

Article
Forum & Discussion
Q&A

Contact

SAC Office, Naypyidaw
sacministry1234@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Monthly archive

  • July 2025 (1090)
  • June 2025 (1386)
  • May 2025 (1019)
  • April 2025 (465)
  • March 2025 (1007)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.