ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းဖြင့် အဆုံးမသတ်စေနိုင်ဟု တူကီယဲ သမ္မတပြော

News Image

  • ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းဖြင့် အဆုံးမသတ်စေနိုင်ဟု တူကီယဲ သမ္မတပြော

ယူကရိန်းပဋိပက္ခကို စစ်ရေးနည်းလမ်းဖြင့် အဆုံးမသတ်စေနိုင်ကြောင်းနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်ကြောင်း တူကီယဲသမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ပြောသည်။

“ပထမဆုံးအနေနဲ့ပြောချင်တာက စစ်ပွဲတစ်ပွဲကို အဆုံးသတ်စေချင်တယ်ဆိုရင် စစ်ဖြစ်နေတဲ့အဖွဲ့တွေအားလုံး လက်နက်ချပြီး သံတမန်ရေးနည်းအရ ဖြေရှင်းဖို့ကို ဦးတည်သွားရမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စတင်ရမှာပါ။ကျွန်တော်တို့အနေနဲ့အလိုချင်ဆုံး ရည်မှန်းချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ နောက်ဆုံးရလဒ် ထွက်ပေါ်လာဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ စစ်ပွဲကြီးအဆုံးသတ်သည်အထိ ကြားဝင်ဖျန်ဖြေပေးသွားမှာပါ” ဟု အာဒိုဂန်ကပြောကြောင်း နိုင်ငံပိုင်သတင်းဌာနက မေလ ၁၇ ရက်တွင် ဖော်ပြထားသည်။

ရုရှားနှင့်ယူကရိန်းတို့ကြား သုံးနှစ်အတွင်း ပထမဆုံးတိုက်ရိုက်ဆွေးနွေးမှုကို မေလ ၁၆ ရက်တွင် အစ္စတန်ဘူမြို့၌ လုပ်ဆောင်ရာ နှစ်ဖက်သုံ့ပန်းများ လဲလှယ်ရန်နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူထားကြောင်းသိရသည်။

Source: https://myawady.net.mm/