ဇီလန်စကီးက ရုရှား၏ နယ်နိမိတ်အသစ်များနှင့်ပတ်သက်၍ ၎င်း၏ သဘောထားကို ထပ်လောင်းအတည်ပြု

News Image

  • ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ကြာသပတေးနေ့ (မေ ၁၅) က အန်ကာရာတွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးပြီးနောက် ရုရှားထံ ဆုံးရှုံးထားသည့် မည်သည့်နယ်မြေမျှ မပေးနိုင်ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုလိုက်သည်။ မော်စကိုက Kherson၊ Zaporozhye နှင့် Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံများကို ပြန်လည်ပေးအပ်ရန် ဆွေးနွေးမည် မဟုတ်ဟု ယခင်က ပြောကြားထားသည်။ “ခရိုင်းမီးယားကျွန်းဆွယ်သည် ယူကရိန်းနိုင်ငံဖြစ်ပြီး အစဉ်အမြဲပင် ဖြစ်လိမ့်မည်” ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး ၎င်း၏နယ်မြေအဖြစ် တောင်းဆိုထားသည့် အခြားဒေသများအတ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးသည် ကြာသပတေးနေ့ (မေ ၁၅) က အန်ကာရာတွင် တူရကီသမ္မတ အာဒိုဂန်နှင့် ဆွေးနွေးပြီးနောက် ရုရှားထံ ဆုံးရှုံးထားသည့် မည်သည့်နယ်မြေမျှ မပေးနိုင်ကြောင်း ပြတ်ပြတ် သားသား ငြင်းဆိုလိုက်သည်။

မော်စကိုက Kherson၊ Zaporozhye နှင့် Donetsk နှင့် Lugansk ပြည်သူ့သမ္မတနိုင်ငံများကို ပြန်လည်ပေးအပ်ရန် ဆွေးနွေးမည် မဟုတ်ဟု ယခင်က ပြောကြားထားသည်။

“ခရိုင်းမီးယားကျွန်းဆွယ်သည် ယူကရိန်းနိုင်ငံဖြစ်ပြီး အစဉ်အမြဲပင် ဖြစ်လိမ့်မည်” ဟု ဇီလန်စကီးက ပြောကြားခဲ့ပြီး ၎င်း၏နယ်မြေအဖြစ် တောင်းဆိုထားသည့် အခြားဒေသများအတွက်လည်း အလားတူ ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ 

“နယ်နိမိတ်ဆိုင်ရာ အချက်များကို မိမိတို့ ဆွေးနွေး၍မရပါ။ ထိုသို့ ပြုလျှင် မိမိတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သည်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂