ယူကရိန်းပဋိပက္ခသည် ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်နိုင်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြော

News Image

  • ယူကရိန်းပဋိပက္ခသည် ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုံးသတ်နိုင်ဟု ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ပြော

မော်စကို ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဗလာဒီမာ မက်ဒင်စကီး က ယူကရိန်းပဋိပက္ခသည် ကနဦးကတည်းက အနောက်နိုင်ငံများ၏ ဖိအားကိုလိုက်နာပြီး ရုရှားနှင့် ရင်ဆိုင်တိုက်ခိုက်မည့်အစား ညှိနှိုင်းဆွေးနွေးမှု များပြုလုပ်ခဲ့ပါက အလွန်လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့မည်ဟု ပြောကြား ခဲ့သည်။

မက်ဒင်စကီးသည် သောကြာနေ့ (မေ ၁၆) က အစ္စတန်ဘူလ်မြို့တွင် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များ အချိန်နှစ်နာရီနီးပါး ဆွေးနွေး ပြီးနောက်ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှားကိုယ်စားလှယ်အဖွဲ့ က နှစ်ဖက်စလုံးမှ အကျဉ်းသား ၁၀၀၀ စီ ပါဝင်သည့် အကျဉ်းသားလဲလှယ်ရေးနှင့် နှစ်ဖက်စလုံးက စစ်ပြေငြိမ်းရေး အဆိုပြုချက်ကိုအသေးစိတ် ပြင်ဆင်ပြီးနောက် ဆက်လက်ဆွေးနွေးရန် သဘောတူညီ ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အစည်းအဝေးအပြီးတွင် သမ္မတ၏ အကြံပေးနှင့် သမိုင်းပညာရှင် မက်ဒင်စကီးသည် ရုရှား Rossiya 1 ရုပ်သံလိုင်းနှင့် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့အကြား ပဋိပက္ခသည် သုံးနှစ်ကျော်ကြာမြင့် နေပြီဖြစ်သော်လည်း မက်ဒင်စကီးက ရက်သတ္တပတ် အနည်းငယ်အတွင်း အဆုံးသတ်နိုင်ခဲ့ဖွယ်ရှိသည်ဟု ယုံကြည်သည်။ ယူကရိန်းသည် ဖေဖော်ဝါရီ လကုန်က ဘယ်လာရုဇ်နိုင်ငံ၊ ဂိုမဲမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ကနဦးအဆင့်များတွင် ရုရှားနှင့် သဘောတူညီချက်များကို လိုက်နာရန် လိုအပ်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

မက်ဒင်စကီးက “ကိယက်ဗ်သည် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ငြိမ်းချမ်းရေးအတွက် သဘောတူနိုင်ခဲ့သော်လည်း ၎င်းတို့ အချိန်ဆွဲ ခဲ့ကြသည်” ဟု ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် နွေဦးတွင် အစ္စတန်ဘူလ် မြို့၌ ကျင်းပခဲ့သည့် နောက်ဆက်တွဲဆွေးနွေးပွဲများတွင် တင်ပြခဲ့သည့် ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ငြင်းပယ်ခဲ့ခြင်းက ယူကရိန်း အတွက် အခွင့်အလမ်းများကိုလျော့ပါးသွားစေခဲ့ပြီး မြေပြင် အခြေအနေ များတွင် ပြောင်းလဲမှုများကို ထင်ဟပ်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

မက်ဒင်စကီးက “အနောက်နိုင်ငံများ၏ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှု ကြောင့် အစ္စတန်ဘူလ်ဖြစ်စဉ်လည်း ဝမ်းနည်းဖွယ်ရာ ပျက်ပြားခဲ့ရသည်” ဟု ပြောကြားခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် ကိယက်ဗ်သို့ သွားရောက် ခဲ့သည့် ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်၏ ခရီးစဉ်ကို ကနဦး ငြိမ်းချမ်းရေးညှိနှိုင်းမှုများ ပျက်ပြားရသည့်အကြောင်းရင်းအဖြစ် အပြစ်တင် ခဲ့သည်။ ထိုစဉ်က ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဒေးဗစ် အရခါမီယာ၏ အဆိုအရ ဂျွန်ဆန်က ကိယက်ဗ်အား “ဆက်တိုက်ရန်” ဟု ပြောခဲ့ကြောင်း သိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂