တူရကီ ဆွေးနွေးပွဲသို့တက်ရောက်ရန် ပူတင် ကြောက်ရွံ့နေဟု ဇီလန်စကီး ဆို

News Image

  • တူရကီ ဆွေးနွေးပွဲသို့တက်ရောက်ရန် ပူတင် ကြောက်ရွံ့နေဟု ဇီလန်စကီး ဆို

ရက်အနည်းငယ်ကြာ ရှုပ်ထွေးမှုများအပြီးတွင် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ရုရှားသမ္မတ ပူတင် တို့နှစ်ဦးစလုံးသည် အစ္စတန်ဘူလ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ခဲ့ရောက်ကြောင်း သိရသည်။

အဲလ်ဘေးနီးယားနိုင်ငံတွင် ကျင်းပသော အစည်းအဝေးတစ်ခုတွင် ဇီလန်စကီးက ပူတင်သည် တူရကီနိုင်ငံရှိ ဆွေးနွေးပွဲသို့ တက်ရောက်ရန် “ကြောက်ရွံ့နေခဲ့ကြောင်း” ပြောကြားခဲ့ပြီး အစ္စတန်ဘူလ်သို့ လာရောက်ခဲ့သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် “အဆင့်အတန်း နိမ့်လွန်းကြောင်း” ဝေဖန်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲသည် တူရကီနိုင်ငံ၏ ကြားဝင်ပံ့ပိုးမှုဖြင့် စီစဉ်ထားသော်လည်း နှစ်ဖက်ခေါင်းဆောင်များ မပါဝင်မှုကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂