ရုရှားက ဗြိတိန်ဝန်ကြီးချုပ်ကို ဝေဖန်ပြစ်တင်
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၏ နောက်ဆုံးပြောဆိုခဲ့သော မှတ်ချက် များနှင့် ဒဏ်ခတ်အရေးယူမှုခြိမ်းခြောက်မှုများသည် ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးကို ဗြိတိန်တို့ နှောင့်ယှက်လိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း ဗြိတန်နိုင်ငံရှိ ရုရှားသံရုံးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ပိုလန် ခေါင်းဆောင် များ ကိယက်ဗ်တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ ၃၀ ရက်ကြာကန့်သတ်ချက်မရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန် မော်စကိုက သဘော မတူညီပါက ရုရှားအပေါ် ဒဏ်ခတ်မှုများ ပိုမိုချမှတ်ရန် ခြိမ်းခြောက် ခဲ့သည်။ သို့သော် သတ်မှတ်ရက်ကျော်သွားပြီဖြစ်ကာ အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲတွင်လည်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု မရရှိခဲ့ပေ။
သောကြာနေ့ (မေ ၁၆) က အယ်လ်ဘေးနီးယားရှိ လုံခြုံရေး အစည်း အဝေးတွင် စတာမီက “ယခုအခါ နောက်ဆုံးသတ်မှတ်ချက်ကို ထုတ်ပြန် ပြီးနောက် မိမိတို့သည် ဆက်လက်လုပ်ဆောင်ရန် အဆင်သင့် ဖြစ်ရမည်။ အကယ်၍ ရုရှားသည် (ရုရှားသမ္မတ ဗလာဒီမာ ပူတင်) ဆွေးနွေးပွဲသို့ မလာရောက်ပါက ထိုက်တန်သောတုန့်ပြန်မှုခံရမည်" ဟု ပြောကြား ခဲ့သည်။ “ရုရှားတို့၏ သဘောထားသည် လက်မခံနိုင်စရာ ဖြစ်ပြီး ယခုမှ ပထမဆုံး အကြိမ်မဟုတ်ပါ” ဟုလည်း ပြောဆိုခဲ့သည်။
လန်ဒန်ရှိ ရုရှားသံရုံးက ဒေါင်းနင်းလမ်း (ဗြိတိန်အစိုးရ) သည် စစ်ရေး ပဋိပက္ခဖြစ်ပွားနေသည့် နှစ်ဖက်ကြား ဆွေးနွေးပွဲ၏ အစိတ်အပိုင်း မဟုတ်ကြောင်း ထောက်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂