ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သွားရောက်မည်

News Image

  • ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံသို့ သွားရောက်မည်

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှာ့ဒါ သည် မေလ ၁၉ ရက်နေ့မှ စတင်၍ သုံးရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ရုံးမှ မေလ ၁၈ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ထိုခရီးစဉ်သည် အိန္ဒိယနှင့် ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် ပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် တစ်ပတ်ကျော်အကြာတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

ဒုတိယဝန်ကြီးချုပ်ရာထူးကိုလည်း ရယူထားသည့် မစ္စတာ အီရှာ့ဒါက မေလ ၁၉ ရက်တွင် ပေကျင်း၌ ၎င်း၏ခရီးစဉ်ကိုစတင်မည်ဖြစ်ပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် “တောင်အာရှရှိ ပြောင်းလဲဖြစ်ပေါ်နေသော ဒေသတွင်းအခြေအနေနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ၎င်း၏အကျိုးသက်ရောက်မှုများအပေါ် အသေးစိတ်ဆွေးနွေးမည်” ဖြစ်ကြောင်း ၎င်းရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

“နှစ်ဖက်စလုံးသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတစ်ခုလုံးကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး အပြန်အလှန်အကျိုးစီးပွားရှိသည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်၍လည်း အမြင်များကို ဖလှယ်ကြမည်ဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။

တရုတ်နိုင်ငံသည် စိန်ခေါ်မှုများစွာကြုံတွေ့နေရသော အိမ်နီးချင်း ပါကစ္စတန် နိုင်ငံကို ကူညီရန်အတွက် ငွေကြေးအကူအညီများကို မကြာခဏ ထောက်ပံ့ပေးခြင်းဖြင့် ပါကစ္စတန်နိုင်ငံ၏ အယုံကြည်ရဆုံး နိုင်ငံခြား မိတ်ဖက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့ပါသည်။

ကိုးကား - straitstimes