ထရမ့်က ပူတင်နှင့် ဖုန်းဆက်စကားပြောမည်ဟု ကြေညာ

News Image

  • ထရမ့်က ပူတင်နှင့် ဖုန်းဆက်စကားပြောမည်ဟု ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တနင်္လာနေ့ (မေ ၁၉) တွင် ဖုန်းဆက်ဆွေးနွေးမည်ဟု စနေနေ့ မေ (၁၇) က ကြေညာခဲ့သည်။ ၎င်းက “မော်စကို-ကိယက်ဗ်ဖြစ်ပွားနေသော “သွေးချောင်းစီးမှု” ရပ်တန့်ရန်နှင့် ကုန်သွယ်ရေးကိစ္စများ” ကို အဓိက ဆွေးနွေးမည်ဟု Truth Social တွင် ရေးသားခဲ့သည်။

ပူတင်နှင့် စကားပြောပြီးနောက် ယူကရိန်းသမ္မတ ဇီလန်စကီး နှင့် လည်းကောင်း၊ နေတိုးအဖွဲ့ဝင်များနှင့်လည်းကောင်း ဆက်သွယ် ဆွေးနွေး မည်ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။ အမေရိကန်သမ္မတက တနင်္လာနေ့ (မေ ၁၉) သည် “အကျိုးရှိသောနေ့” ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း၊ “စစ်ပြေငြိမ်းရေး သဘောတူညီမှု ရရှိမည်” ဟုလည်း ဖော်ပြခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကို့ဗ် က TASS သတင်း ဌာနအား “ထရမ့် သည် ပူတင်ထံ ဖုန်းဖြင့် စကားပြောဆို ဆွေးနွေးမှုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေ” ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မဖော်ပြခဲ့ပေ။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂