ရုရှားအပေါ်ပိတ်ဆို့မှုများက စိတ်ကူးကောင်း မဟုတ်ဟု ထရမ့်ပြော

News Image

  • ရုရှားအပေါ်ပိတ်ဆို့မှုများက စိတ်ကူးကောင်း မဟုတ်ဟု ထရမ့်ပြော

ရုရှားအပေါ်ပိတ်ဆို့မှုများ ချမှတ်ခြင်းက စိတ်ကူးကောင်း မဟုတ်ကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသော် ရုရှားအနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေးရယူလိုသည့်အတွက်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က  ဥရောပခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတတို့ကို ပြောသည်။

ထရမ့်သည် မေလ ၁၉ ရက်တွင် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် နှစ်နာရီကြာ ဖုန်းပြောပြီးနောက် ရုရှားအပေါ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည့် ဥရောပ နိုင်ငံများကို ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။ သမ္မတနှစ်ဦးကြားဖုန်းပြောမှုတွင် အခြားသောအရာများထက် ယူကရိန်း ပဋိပက္ခပြေလည်ရေးကို ဦးစားပေးဆွေးနွေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်က ငြိမ်းချမ်းရေး လိုချင်နေသလောက် ဥရောပရှိနိုင်ငံအချို့က စစ်ဖြစ်ပွားရေးကိုသာ အလိုရှိနေ‌ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သမ္မတနှစ်ဦးကြား ဖုန်းပြောပြီးနောက် ထုတ်ပြန်ထားသည် ဟုသိရသည်။

Source: https://myawady.net.mm/