ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေး အကြီးအကဲက အကူအညီမရရှိပါက ဂါဇာမှ ကလေးငယ် ၁၄,၀၀၀ ခန့်သည် လာမည့် ၄၈ နာရီအတွင်း သေဆုံးနိုင်သည်ဟု သတိပေးထား

News Image

  • ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေး အကြီးအကဲက အကူအညီမရရှိပါက ဂါဇာမှ ကလေးငယ် ၁၄,၀၀၀ ခန့်သည် လာမည့် ၄၈ နာရီအတွင်း သေဆုံးနိုင်သည်ဟု သတိပေးထား

ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေး အကြီးအကဲ တွမ် ဖလက်ချာက “အကူအညီ ပိုမိုမရရှိပါက ဂါဇာတွင် လာမည့် ၄၈ နာရီအတွင်း ကလေးငယ် ၁၄,၀၀၀ ခန့် သေဆုံးနိုင်သည်” ဟု သတိပေး ပြောကြားခဲ့သည်။

အစ္စရေးသည် တနင်္လာနေ့ (မေ ၁၉) တွင် ဂါဇာသို့ အကူအညီပေးပို့ရန် ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းခဲ့သော်လည်း ဖလက်ချာက “လာရောက်နိုင်ခဲ့သည်မှာ ကုန်တင်ကား ၅ စီးသာရှိပြီး အကူအညီများ မည်သူ့ထံမှ မရောက်သေးပါ” ဟု ပြောကြားခဲ့သည်။

“မိမိတို့သည် လာမည့် ၄၈ နာရီအတွင်း အဆိုပါ ကလေး ၁၄,၀၀၀ ကို တတ်နိုင်သမျှ ကယ်တင်ချင်ပါသည်” ဟု ဖလက်ချာက BBC ၏ Today အစီအစဉ်တွင် ပြောကြားခဲ့သည်။

ညပိုင်းတွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၃၈ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းများက BBC အား ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါတို့က အစ္စရေးအား ဂါဇာတွင် “စစ်ရေးပြန်လည်စတင်မှု” ကို ရပ်တန့်ရန်နှင့် အကူအညီများ ပိုမိုစီးဆင်းစေရန် သတိပေးခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင် နေတန်ယာဟုက “ဟားမက်က အကျဉ်းသားများကို လွှတ်ပေးပြီး လက်နက်ချလျှင် စစ်ပွဲသည် မနက်ဖြန် ပြီးဆုံးနိုင်သည်” ဟု ပြောကြားခဲ့သည်။ ဂါဇာတွင် အကျဉ်းသား ၅၈ ဦး ကျန်ရှိနေပြီး ၂၃ ဦးအထိ အသက်ရှင်နေသည်ဟု ယူဆရသည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂