၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ စင်ကာပူတွင် စတင်ကျင်းပ

News Image

  • ၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲ စင်ကာပူတွင် စတင်ကျင်းပ

၂၂ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေ ၃၀ ရက် ညပိုင်းက စင်ကာပူနိုင်ငံတွင် စတင်ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ အစိုးရအဓိကအရာရှိများ၊ ကာကွယ်ရေးအရာရှိများနှင့် ကျွမ်းကျင်ပညာရှင် များ စုစုပေါင်း ၅၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ အရှေ့တီမောနိုင်ငံ သမ္မတ ရာမို့စ် ဟော်တာ၊အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်၊ ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အဆင့်မြင့်ကိုယ်စားလှယ် ကာယာ ကေလစ် စသည့် အစိုးရ အဓိက အရာရှိကြီးများ တက်ရောက်ခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကာကွယ်ရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ပညာရေးဝန်ကြီး ဟူကန်းဖုန်းက တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မေ ၃၁ ရက်တွင် တတိယမြောက် သီးခြားကဏ္ဍအလိုက်ဆွေးနွေးပွဲ ဖြစ်သည့် “အာရှ-ပစိဖိတ်ဒေသ၏ ပင်လယ်ပြင်လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု” သို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

ဗြိတိန် နိုင်ငံတကာ မဟာဗျူဟာ သုတေသနဌာနမှ ကြီးမှူးကျင်းပသော ရှန်ဂရီလာဆွေးနွေးပွဲသည် ၂၀၀၂ ခုနှစ်တွင် စတင်ခြင်းဖြစ်ပြီး ယင်း ဆွေးနွေးပွဲသည် နှစ်စဉ် စင်ကာပူနိုင်ငံရှိ ရှန်ဂရီလာ ဟိုတယ်၌ ကျင်းပခြင်းကြောင့် ရှန်ဂရီလာဆွေးနွေးပွဲဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ယခုအကြိမ် ဆွေးနွေးပွဲကို ဇွန် ၁ ရက်အထိ ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 

ကိုးကား- Xinhua