ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက်မည့် ချစ်ပြားကို Paradromics က လူသားဖြင့်စမ်းသပ်
အီလွန်မတ်၏ Neuralink ကုမ္ပဏီနှင့် ယှဉ်ပြိုင်လာသည့် Paradromics ကုမ္ပဏီ က ဦးနှောက်နှင့်ကွန်ပျူတာချိတ်ဆက် ပေးမည့်ချစ်ပြားကို လူသားဖြင့်ပထမဆုံး အကြိမ်စမ်းသပ်မှုလုပ်ဆောင်လိုက်ပြီဖြစ် ကြောင်း ဇွန်လ ၂ ရက်တွင်ထုတ်ပြန်ထား သည်။
ယင်းစမ်းသပ်မှုကို မီချီဂန်တက္ကသိုလ် ၌မေလ ၁၄ ရက်တွင်လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ စမ်းသပ်မှုကိုခံယူသူအမျိုးသား သည် ဝက်ရူးပြန်ရောဂါဖြင့်အာရုံကြော ရောဂါကုသမှုခံယူနေသူဖြစ်ကြောင်းနှင့်
ချစ်ပြားကိုထိုအမျိုးသား၏ဦးနှောက်ထဲ သို့ထည့်ပြီး မိနစ် ၂၀ အကြာ၌ ပြန်ထုတ် ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
ထိုနည်းပညာကို လူနာ၏ဦးနှောက် အတွင်း ဘေးကင်းစွာတပ်ဆင်နိုင်သည့် အပြင် အာရုံကြောလှုပ်ရှားမှုကိုမှတ်တမ်း တင်နိုင်ကြောင်း သက်သေပြနိုင်သည်ဟု ကုမ္ပဏီကပြောသည်။ နောက်တစ်ဆင့် တွင်မူ လူအများအပြားဖြင့်လက်တွေ့စမ်း သပ်မှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref: CNBC
Photo - Paradromics