တောင်ကိုရီးယားနိုင်ငံ၌ ခြောက်လတာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပွားပြီးနောက် သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ရန် မဲပေးမှုများလုပ်ဆောင်

News Image

  • တောင်ကိုရီးယားနိုင်ငံ၌ ခြောက်လတာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပွားပြီးနောက် သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ရန် မဲပေးမှုများလုပ်ဆောင်

နိုင်ငံရေး အကျပ်အတည်း၊ မရေရာမှုများနှင့် ကွဲလွဲမှုများဖြင့် ခြောက်လ တာကြာမြင့်ပြီးနောက် တောင်ကိုရီးယားနိုင်ငံသားများသည် ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် သမ္မတဟောင်း ယွန်းဆက်ယိုးလ် အစား ရွေးချယ်ရန် အင်္ဂါနေ့ (ဇွန် ၃) တွင် မဲပေးခဲ့ကြသည်။

အဆိုပါရွေးကောက်ပွဲသည် အထူးအရေးပါသည်ဟု ခံစားရကြောင်း မဲဆန္ဒရှင်များဆိုသည်။ အမေရိကန်မဟာမိတ်ဖြစ်ပြီး အာရှ၏ စီးပွားရေးနှင့် ယဉ်ကျေးမှု စွမ်းအားရှိသော တောင်ကိုရီးယားနိုင်ငံသည် ယွန်း၏ ပြည်သူ့လွှတ်တော်တွင် တရားစွဲဆိုခံရခြင်းနှင့် ၎င်း၏ တိုတောင်းသော အာဏာသိမ်းမှုအား စုံစမ်းစစ်ဆေးမှုများကြားတွင် ယာယီခေါင်းဆောင်များ အလှည့်ကျ အုပ်ချုပ်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား၏ စီးပွားရေးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် ကမ္ဘာ့စီးပွား ပျက်ကပ်အန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည်။ ရွေးကောက်ပွဲ၌ နိုင်ငံကို ပြန်လည် ထူထောင်ရန် ကတိပေးနေသူ နှစ်ဦးရှိပြီး တစ်ဦးမှာ ရှေ့နေအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာပြီး သတ်ဖြတ်ရန်ကြံစည်ခံရမှုမှ လွတ်မြောက်ခဲ့သူဖြစ်ကာ ကျန်တစ်ဦးမှာ ယခင်က စနစ်ဆန့်ကျင်ရေးသမားဖြစ်ခဲ့ပြီး နောက်ပိုင်း တွင် ရှေးရိုးစွဲဝန်ကြီးဖြစ်လာသူတို့ ဖြစ်ကြသည်။

မဲပေးမှုသည် အင်္ဂါနေ့ (ဇွန် ၃) နံနက်ပိုင်းတွင် စတင်ခဲ့ပြီး အနိုင်ရသူကို ညပိုင်းတွင် သို့မဟုတ် ဗုဒ္ဓဟူးနေ့ (ဇွန် ၄) တွင် ကြေညာနိုင်သည်။

“နိုင်ငံက ဒုက္ခရောက်နေပြီး စိတ်ခံစားမှုတွေက အရမ်းပြင်းထန်လွန်း သဖြင့် ဒီဒုက္ခကို နည်းနည်းလေး သက်သာစေဖို့ ငါတို့ အနိုင်ရမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် နံနက်စောစော ထွက်လာခဲ့တာ” ဟု ဆိုးလ် မြို့ရှိ မဲပေးစင်တာ၌ မဲဆန္ဒရှင် ဂျန်းဟန်းဘျဲလ်က ပြောကြားခဲ့သည်။

အခြားမဲဆန္ဒရှင် ကင်းဒုံးဝမ်က “ဤရွေးကောက်ပွဲသည် အထူးအရေး ပါသည်” ဟု ဆိုသည်။ “ဒီဇင်ဘာကတည်းက စိတ်ထဲမှာ လေးလံနေခဲ့တာ၊ နိုင်ငံရေးအတွက် မဟုတ်ဘဲ ဒီနိုင်ငံအတွက် တကယ်မဲ ပေးချင်ခဲ့တာ” ဟု ၎င်းက ဆိုသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂