ယူကရိန်းအရေးနှင့်ပတ်သက်၍ ထရမ့်၏သည်းခံနိုင်မှု အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိနေဟုဆို

News Image

  • ယူကရိန်းအရေးနှင့်ပတ်သက်၍ ထရမ့်၏သည်းခံနိုင်မှု အဆုံးစွန်သော အခြေအနေသို့ ရောက်ရှိနေဟုဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခ နှင့်ပတ်သက်၍ သည်းခံနိုင်မှုမှာ “အဆုံးစွန်သောအခြေအနေသို့ ရောက်ရှိနေပြီ” ဟု တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Tom Barrack က ပြောကြား ခဲ့သည်။

တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ဆီးရီးယားကိစ္စရပ် များအတွက် အထူးကိုယ်စားလှယ် Tom Barrack က တူရကီ အသံလွှင့် ဌာန NTV နှင့် ဇွန် ၂ ကပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သောပြောကြားမှုသည် ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များအကြား မိနစ် ၉၀ ခန့်ကြာမြင့်ခဲ့သော ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီးတွင် ဖြစ်သည်။

၎င်းအား ယူကရိန်းက တောင်းဆိုနေသော အဆင့်မြင့် အစည်းအဝေးနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ထိုအစည်းအဝေးတွင် ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဇီလန်စကီးတို့ ပါဝင်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။

Barrack က ထိုကဲ့သို့သော အစည်းအဝေးတစ်ခုသည် “အဓိပ္ပာယ် ရှိရမည်” ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ ရလဒ်ထွက်ပေါ်စေရမည်ဟု ညွှန်းဆိုခဲ့သည်။ သို့သော် ၎င်းကိုယ်တိုင် အမေရိကန်သမ္မတအတွက်တိုက်ရိုက်ကိုယ်စားပြုပြောဆိုနိုင်ခြင်းမရှိကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ဇီလန်စကီးနှင့် ပူတင်နှစ်ဦးစလုံးအပေါ် စိတ်မရှည်မှုများကို ပွင့်ပွင့် လင်းလင်း ဖော်ပြခဲ့ဖူးသော ထရမ့်သည် သည်းခံမှုအားနည်းသူဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Barrack က ကြားနေညှိနှိုင်းပေးသူအဖြစ် တူရကီ၏အခန်းကဏ္ဍသည် အရေးပါကြောင်း၊ ထို့ကြောင့် တူရကီသည် အဆိုပါကိစ္စတွင် အောင်မြင်မှု တစ်ခုရရှိရန် များစွာအထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်သည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများတွင် ယူကရိန်း-ရုရှား ပဋိပက္ခကို ၂၄ နာရီအတွင်း အဖြေရှာနိုင်ကြောင်း အထပ်ထပ် ပြောဆိုခဲ့ပြီးနောက်ပိုင်းတွင် ယင်းအချက်မှာ အလွန်အမင်း ချဲ့ကားပြောဆိုမှု တစ်ခုဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ၎င်း၏ ဖျန်ဖြေရေးကြိုးပမ်းမှုများကိုယူကရိန်းအတွက် စစ်ရေးအစီအစဉ်များ ဆက်လက်ထောက်ခံသော နေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။

လွန်ခဲ့သည့်လအတွင်း ထရမ့်၏ဖိအားများကြောင့် ယူကရိန်းသည် ရုရှား နှင့်တိုက်ရိုက်ဆွေးနွေးရန် ၎င်း၏ငြင်းဆန်နေမှုကို ရုပ်သိမ်းခဲ့သည်။ ရုရှားဘက်မှလည်း ယင်းကဲ့သို့လှုပ်ရှားမှုသည် နောက်ထပ်အဆင့်တစ်ခု သို့ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော အဆင့်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဇီလန်စကီးသည် မော်စကိုမှ အဆိုပြုထားသော နေ့ရက်တွင် တူရကီသို့ သွားရောက်ခဲ့ပြီး ပူတင်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ထိပ်သီးခေါင်းဆောင်များပါဝင်သည့် ဆွေးနွေးပွဲသည် ညှိနှိုင်းရေး လုပ်ငန်းစဉ်၏ အထွတ်အထိပ်ဖြစ်သင့်သည်ဟု ရုရှားက အခိုင်အမာ ပြောဆိုထားသည်။ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က ပူတင်၊ ဇီလန်စကီးနှင့် ထရမ့်တို့ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် “မြန်မြန်ဆန်ဆန် ဖြစ်နိုင်ခြေမရှိ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂