အီရန်သည် အမေရိကန်၏ အကျိုးစီးပွား သို့မဟုတ် ဝန်ထမ်းများကို ပစ်မှတ်ထားခြင်း မပြုလုပ်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြား

News Image

  • အီရန်သည် အမေရိကန်၏ အကျိုးစီးပွား သို့မဟုတ် ဝန်ထမ်းများကို ပစ်မှတ်ထားခြင်း မပြုလုပ်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြား

ယနေ့ည (ဇွန် ၁၂) တွင် အစ္စရေးသည်အီရန်ကို တစ်ဖက်သတ် တိုက်ခိုက်ခဲ့ကြောင်း၊ အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ မိမိတို့ (အမေရိကန်) ပါဝင်ပတ်သက်ခြင်း မရှိကြောင်း၊ မိမိတို့၏ အဓိကဦးစားပေးသည် ဒေသတွင်းမှာရှိသည့် အမေရိကန်တပ်ဖွဲ့တွေကို ကာကွယ်ရန်အတွက် ဖြစ်ပါကြောင်း၊ ထိုလုပ်ဆောင်ချက်သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် လိုအပ်သည် ဟု ၎င်းတို့ ယုံကြည်ကြောင်း အစ္စရေးက မိမိတို့ကို အကြံပေးခဲ့သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့ပါသည်။

သမ္မတ ဒေါ်နယ်ထရမ့် နှင့် အစိုးရအဖွဲ့သည် မိမိတို့၏ တပ်ဖွဲ့တွေကို ကာကွယ်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုအားလုံးကို လုပ်ဆောင်ခဲ့ပြီး ဒေသတွင်း မိတ်ဖက်များနှင့် အနီးကပ် ဆက်သွယ်မှုရှိနေပါကြောင်း၊ အီရန်သည် အမေရိကန်၏ အကျိုးစီးပွား သို့မဟုတ် ဝန်ထမ်းများကို ပစ်မှတ်ထားခြင်း မပြုလုပ်သင့်ကြောင်း မိမိအနေဖြင့် ရှင်းရှင်းလင်းလင်း ပြောကြားလိုသည် ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားခဲ့ပါသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က မိမိတို့သည် အစ္စရေးသမိုင်းတွင် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တစ်ခု ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ စစ်ဆင်ရေးသည် အီရန်၏ နျူကလီးယား အခြေခံအဆောက်အအုံ၊ ပဲ့ထိန်းဒုံးကျည်စက်ရုံများနှင့် ၎င်း၏ စစ်ရေးအလားအလာများကို ပျက်စီးစေလိမ့်မည် ဟု ၎င်းက အလေးအနက် ပြောကြားခဲ့ပါသည်။

ကိုးကား- အင်တာနက်စာမျက်နှာ

Photo: NST