အမေရိကန်စစ်တပ်၏ နှစ် (၂၅၀) ပြည့် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကျင်းပ
အမေရိကန်စစ်တပ်၏ နှစ် (၂၅၀) ပြည့် ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသည် ဝါရှင်တန်ဒီစီ၌ ဆယ်စုနှစ်များစွာကြာမြင့်ပြီးနောက် ကျင်းပသည့် အခမ်းနားဆုံး စစ်ရေးပြအခမ်းအနား ဖြစ်ပါသည်။
အမေရိကန်စစ်တပ်၏ နှစ် (၂၅၀) ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၁၄ တွင် တင့်ကားများနှင့် တိုက်ခိုက်ရေးယာဉ်များစွာကို မြို့တော်လမ်းများပေါ်တွင် ချီတက်ပြသလျက်ရှိပါသည်။ စစ်သည် (၇,၀၀၀) နီးပါး အဆိုပါပွဲတွင် ပါဝင်မည်ဖြစ်ပြီး ယင်းနေ့သည် သမ္မတ ဒေါ်နယ်ထရမ့်၏ အသက် (၇၉) နှစ် ပြည့်မွေးနေ့နှင့်လည်း တိုက်ဆိုင်နေပါသည်။
စစ်ရေးပြအခမ်းအနားကျင်းပရန် အချိန်ကြာမြင့်စွာက တိုက်တွန်းခဲ့သူ သမ္မတထရမ့်က ယခင်ကမြင်တွေ့ဖူးသမျှနှင့်မတူညီသော စိတ်အား ထက်သန်ဖွယ်ရာ အခမ်းအနားဖြစ်မည်ဟု ကတိပေးခဲ့ပါသည်။
၎င်းက “ဒါဟာ အံ့သြဖွယ်ရာ နေ့တစ်နေ့ဖြစ်တော့မည်” ဟု ယခု သီတင်းပတ် အစောပိုင်းက ပြောကြားခဲ့ပြီး “မိမိတို့တွင် တင့်ကားများရှိပါသည်။ လေယာဉ်များလည်းရှိပါသည်။ အရာအားလုံးရှိပါသည်။ မိမိတို့သည် ပြောင်းလဲမှုအတွက် မိမိတို့၏နိုင်ငံကို ဂုဏ်ပြုကြမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ကိုးကား- CNN
Photo: America250
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂