အီရန်က ဟိုင်ဖာမြို့ကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

News Image

  • အီရန်က ဟိုင်ဖာမြို့ကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် တိုက်ခိုက်

အီရန်သည် အစ္စရေး၏ ဟိုင်ဖာမြို့ကို တိုက်ခိုက်ရာတွင် ဟိုက်ပါဆောနစ် ဒုံးကျည် (hypersonic missile) အနည်းဆုံး တစ်စင်းအသုံးပြုခဲ့ကြောင်း Mehr သတင်းဌာနက ဖော်ပြထားပါသည်။

Nournews သတင်းဌာနအရင်းအမြစ်တစ်ဦး၏ အဆိုအရ အီရန်သည် အစ္စရေးနယ်မြေသို့ Emad၊ Ghadr နှင့် Kheibar Shekan စသည့် တာလတ်ပစ်ဒုံးကျည်များ အသုံးပြုကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ဟိုင်ဖာမြို့သည် အစ္စရေး၏ တတိယအကြီးဆုံးမြို့ ဖြစ်ပြီး၊ စီးပွားရေး၊ စက်မှုနှင့် စစ်ရေးအရ အရေးပါသော ဆိပ်ကမ်းမြို့တစ်ခုဖြစ်ကာ အစ္စရေး၏ ရေနံချက်စက်ရုံများ အများဆုံးတည်ရှိရာ နေရာလည်း ဖြစ်ပါသည်။ 

ကိုးကား- Tass

Photo: Armeina News

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃