ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်
ရုရှားတပ်မတော်၏ Shahed မောင်းသူမဲ့လေယာဉ်များသည် ယူကရိန်းတို့သိမ်းပိုက်ထားသည့် Zaporozhye မြို့တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။
Zaporozhye ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပိုင်နက်တစ်နေရာတွင် ဒုံးကျည်များကျရောက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့ကြပါသည်။
မြို့တွင်း မီးလောင်ကျွမ်းမှု အများအပြားဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းဘလော့ဂ်များက ပြောဆိုကြပြီး မြို့၏တစ်စိတ်တစ်ပိုင်းတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်းလည်း သိရှိရပါသည်။
ရုရှားစစ်တပ်၏ UAV တိုက်ခိုက်မှုသည် မြို့တွင်းရှိ ပစ်မှတ်များကို တစ်နာရီကျော်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
Source: ယူကရိန်းဒေသတွင်းမီဒီယာများ