တရုတ်ရေတပ် ရှန်တုန်းလေယာဉ်တင်သင်္ဘော ဟောင်ကောင်ဆိပ်ကမ်း၌ ဆိုက်ကပ်မည်

News Image

  • တရုတ်ရေတပ် ရှန်တုန်းလေယာဉ်တင်သင်္ဘော ဟောင်ကောင်ဆိပ်ကမ်း၌ ဆိုက်ကပ်မည်

ပေကျင်း ဇွန် ၃ဝ

တရုတ်ပြည်သူ့ လွတ်မြောက် ရေးတပ်မတော် (ပီအယ်လ်အေ) ရေတပ်မှ ရှန်တုန်းလေယာဉ်တင် သင်္ဘောသည် ဇူလိုင် ၃ ရက်မှ ၇ ရက်ထိ ဟောင်ကောင်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားမည်ဖြစ်သည်။

ဟောင်ကောင် ဆိပ်ကမ်း၌ ဆိုက်ကပ်ထားစဉ် ဟောင်ကောင် ပြည်သူများအနေဖြင့် ရှန်ကုန်း လေယာဉ်တင်သင်္ဘောပေါ်သို့တက် ရောက်ခွင့်လက်မှတ်များဝယ်ယူ၍ တက်ရောက်လေ့လာနိုင်မည်ဖြစ်ကြောင်း တရုတ်အစိုးရသတင်း မီဒီယာများကကြေညာထားသည်။

ဟောင်ကောင် ပြည်သူများ အနေဖြင့် ဇွန် ၅ ရက်မှ ၆ ရက်ထိရှန်တုန်း လေယာဉ်တင်သင်္ဘော ပေါ်သို့ တက်ရောက်လေ့လာခွင့် ရမည်ဖြစ်သည်။ 
တရုတ်ရေတပ်၏ အစီအစဉ်အရ ရှန်တုန်းလေယာဉ်တင် သင်္ဘောပေါ်သို့ ဟောင်ကောင် ပြည်သူ ၂၀၀၀ တက်ရောက်လေ့လာ နိုင်မည်ဖြစ်သည်။

အလားတူ ရှန်တုန်းလေယာဉ် တင်သင်္ဘောနှင့်လိုက်ပါလာသော ကျန်ကျင်း ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောနှင့် ယွန်ချန် ဖရီးဂိတ် စစ်သင်္ဘောများပေါ်သို့ ဟောင်ကောင်ပြည်သူ ၈၀၀၀ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ တရုတ်ရေတပ်သည် ရှန်တုန်းလေယာဉ်တင်သင်္ဘောကို ၂၀၁၇ ခုနစ်တွင် ရေချခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စစ်ရေးလှုပ်ရှားမှု တာ၀န်များ စပေးခဲ့ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

YDNB Newspaper