ဂါဇာတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေး သဘောတူဟုဆို
ဂါဇာကမ်းမြောင် ဒေသတွင် ရက်ပေါင်း ၆၀ အတွင်း အပစ်အခတ်ရပ်ဆိုင်းရေး အပြီးသတ်ချမှတ်ရန် အစ္စရေးနိုင်ငံက သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာသည်။
အပစ်အခတ်ရပ်စဲနိုင်ရေး အတွက် အမေရိကန် ကိုယ်စားလှယ်များက အစ္စရေးနိုင်ငံမှ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၁ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက် ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ထရမ့်က၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ရေးသား ဖော်ပြထားသည်။
အဆိုပါကာလအတွင်း အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲကို အပြီးသတ်ရပ်ဆိုင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အပြီးသတ်ချမှတ်နိုင်ရေးအတွက် အီဂျစ်နှင့် ကာတာနိုင်ငံတို့က နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းမည်ဖြစ်ပြီး ပါလက်စတိုင်းရှိ ဟားမက်အဖွဲ့နှင့် အစ္စရေးတို့အကြား အဆိုပါသဘောတူညီချက်ကို လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါလက်စတိုင်းပြည်သူ ၅၇၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MWD Web Portal