မှတ်ပုံတင်စမတ်ကတ် ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား
မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးသည့် လုပ်ငန်းကို ယနေ့ (ဇူလိုင် ၄ ရက်)ကစပြီး ယာယီရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားသည်။
e-ID စနစ်ဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် Server Maintenance လုပ်ငန်းများ ယနေ့မှစ လူပ်ဆောင်ရမည် ဖြစ်သောကြောင့် ထိုသို့ရပ်နားထားခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
ထိုသို့ ဆောင်ရွက်နေသည့် ကာလအတွင်း မြို့နယ်ရုံးများ၌ UID နံပါတ်ရယူခြင်း၊ အွန်လိုင်းမှကိုယ်ရေး အချက်အလက် တိုက်ဆိုင်စစ်ဆေးခြင်းစသည့် လုပ်ငန်းများလည်း ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်းလည်း သိရသည်။
ထို့ကြောင့် e-ID ဆိုင်ရာလုပ်ငန်းများ မြန်ဆုံးပြန်လည်အသုံးပြုနိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ အသုံးပြုနိုင်မည့်အချိန်ကို ထပ်မံကြေညာသွားမည်ဟုလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနက ထုတ်ပြန်ထားသည်။
Popular Myanmar