ရုရှားမီးရထားလမ်း တိုက်ခိုက်မှုအပေါ် BRICS ထိပ်သီးအစည်းအဝေးက ကြေညာချက်ထုတ်ပြန်၍ ရှုတ်ချလိုက်ပြီး ယူကရိန်းစစ်ပွဲ အပစ်ရပ်ရေး ရုရှားကိုသာ တိုက်တွန်းနေခြင်းကို ရှောင်ရှားကြရန် ပြောကြား

News Image

  • ရုရှားမီးရထားလမ်း တိုက်ခိုက်မှုအပေါ် BRICS ထိပ်သီးအစည်းအဝေးက ကြေညာချက်ထုတ်ပြန်၍ ရှုတ်ချလိုက်ပြီး ယူကရိန်းစစ်ပွဲ အပစ်ရပ်ရေး ရုရှားကိုသာ တိုက်တွန်းနေခြင်းကို ရှောင်ရှားကြရန် ပြောကြား

(The Kyiv Independent, ဇူလိုင် ၇)

မကြာသေးမီက ရုရှား၏ ရထားလမ်း အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက် ၍ ရေယိုဒီဂျနေရိုးမြို့တွင် ကျင်းပပြုလုပ်နေသည့် BRICS ထိပ်သီးအစည်းအဝေးက ရှုတ်ချလိုက်ပါ သည်။  “၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့နှင့် ဇွန်လ ၁ ရက်နေ့က ရုရှားဖက်ဒရေးရှင်း၏ ဘိုင်ယာရှ်က် (Bryansk)၊ ကာ့ရှ်နှင့် ဗိုရိုနက် ဒေသများရှိ တံတားများ၊ ရထားလမ်း အခြေခံအဆောက်အအုံများ စသည့် အရပ်ဖက်ပစ်မှတ်များကို ရည်ရွယ် ဦးတည်တိုက်ခိုက်ခဲ့သဖြင့် ကလေးသူငယ်များအပါအဝင်၊ အရပ်သားများစွာကို သေကြေ ပျက်စီး စေခဲ့သဖြင့်  မိမိတို့အနေဖြင့်  ပြင်းထန်စွာ ရှုတ်ချပါကြောင်း” အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိပါသည်။

အဆိုပါ ဧရိယာများသည် ယူကရိန်းနိုင်ငံ၏ အရှေ့မြောက်ဘက် နယ်စပ်တွင် တည်ရှိပြီး၊ ရုရှား၏ စစ်ပွဲဗဟိုချက်ဖြစ်ကာ၊ စစ်လက်နက်ပစ္စည်းများ ဖြန့်ဖြူးရာ ဗဟိုချက်ဖြစ်သည့်အပြင် ယူကရိန်းနိုင်ငံ ရှိ မြို့များသို့  ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် အရေးပါသည့် နေရာများဖြစ်ကာ တိုက်ခိုက်မှု များကြောင့် အရပ်ဖက် အခြေခံအဆောက်အအုံများ ပျက်စီးခြင်းနှင့် အရပ်သားများ ထိခိုက်ခြင်းများ ရှိခဲ့ပါသည်။ 

ယင်းတို့၏ ထုတ်ပြန်ကြေညာချက်တွင် BRICS ခေါင်းဆောင်များက ရုရှားနှင့် ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် စေ့စပ်ညှိနှိုင်းမှု တစ်ခုပြုလုပ်ရန် တောင်းဆိုချက်လည်း ပါဝင် ပါသည်။ “ယူကရိန်းပဋိပက္ခအပေါ် မိမိတို့ စိုးရိမ်ပူပန်လျက်ရှိရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေညီလာခံအပါအဝင် သင့်လျော်သည့် ညီလာခံများ ကျင်းပသွားရန် တိုက်တွန်း ပါကြောင်း” “ယခု ကြိုးပမ်းဆောင်ရွက်နေခြင်းများသည် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးသို့ ဦးတည်လိမ့်မည်ဟု မျှော်လင့်ရပါကြောင်း” အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ အကြား ဇူလိုင်လ ၃ ရက် နေ့က ဖုန်းခေါ်ဆိုမှုပြောကြားအပြီး အဆိုပါကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယူကရိန်း အရေးတွင် “ရုရှား၏ ပန်းတိုင်ရောက်ရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” ပူတင်က တယ်လီဖုန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း Yury Ushakov က ပြောကြား ပါသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေးလက်ဗ်ရော့သည် အဆိုပါ ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် တက်ရောက်ခဲ့ပြီး၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗီဒီယိုစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ ဘရာဇီးနိုင်ငံသည် ICC အဖွဲ့ဝင် တစ်နိုင်ငံဖြစ်ကာ Rome Statue ကို လက်မှတ်ရေးထိုးထားသဖြင့်၊ ပူတင် ဘရာဇီးနိုင်ငံသို့ လာရောက်ပါက ဖမ်းဆီးပေးရန် တာဝန်ရှိနေပါသည်။

BRICS ကြေညာချက်တွင် မကြာသေးမီက အမေရိကန်နှင့် အစ္စရေးတို့ အီရန်နျူကလီးယား အခြေစိုက် စခန်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခဲ့ခြင်း ဖြစ်သဖြင့် ရှုတ်ချပါကြောင်းနှင့် ဆီးရီးယားနှင့် ဂါဇာတွင် နိုင်ငံခြားတပ်များ ချထားခြင်းအပေါ် ဆီးရီးယား မှ အစ္စရေးတပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်ပါသည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့သည် BRICS ၏ မူလအဖွဲ့ဝင်နိုင်ငံများဖြစ် ကြပြီး၊ မကြာသေးမီနှစ်များက အီရန်၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီသီယိုပီးယား နှင့် အင်ဒိုနီးရှားတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။

ကိုးကား- The Kyiv Independent

ဘာသာပြန်ဆိုသူ - ဦးခိုင်ထွဋ်လှ