အိုင်တီ၊ ဒီဂျစ်တယ် မီဒီယာပညာရပ်များပါဝင်သည့် “သတင်းစာပညာ သိမှတ်ဖွယ်ရာများ “သင်တန်းကို ၅ ရက်ကြာဖွင့်လှစ်ပို့ချမည်

News Image

  • အိုင်တီ၊ ဒီဂျစ်တယ် မီဒီယာပညာရပ်များပါဝင်သည့် “သတင်းစာပညာ သိမှတ်ဖွယ်ရာများ “သင်တန်းကို ၅ ရက်ကြာဖွင့်လှစ်ပို့ချမည်

အိုင်တီ၊ ဒီဂျစ်တယ် မီဒီယာပညာရပ်များကို ဟောပြောပို့ချမည့် “သတင်းစာပညာ သိမှတ်ဖွယ်ရာများ “သင်တန်းကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေ ဥဒေါင်းခန်းမတွင် ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ၅ ရက်ကြာ အခမဲ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

သင်တန်းအား ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းမှကြီးမှူး၍ သင်တန်းဆရာနှင့် Guest Speaker များအဖြစ် ဆရာဟိန်းလတ်၊ ဆရာငြိမ်းမင်း၊ ဆရာအောင်စိုးဦး၊ ဆရာကြည်စိုးထွန်း၊ ကိုကို(စက်မှုတက္ကသိုလ်)၊ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ဌေးလင်းနှင့် သတင်းမီဒီယာများမှ ဆရာများက ဟောပြောပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း အသင်းဝင်များ၊ အသင်းဝင်ရန်ဆန္ဒရှိသူများ၊ သတင်းမီဒီယာပညာကို စိတ်ပါဝင်စားသူများတက်ရောက်နိုင်ပြီး သင်တန်းချိန်အား ပထမပိုင်းအနေဖြင့် နံနက် ၁၀ နာရီမှမွန်းတည့် ၁၂ နာရီထိ ဒုတိယပိုင်းအား မွန်းလွဲ ၁ နာရီမှနေ့လည် ၃ နာရီ အထိလျာထားသတ်မှတ်ထားကာ သင်တန်းပြီးဆုံးပါက သင်တန်း ဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားဦးရေအား (၃၀)ဦးမှ(၄၀)ဦးအတွင်းသာ လက်ခံသင်ကြားပေးသွားမည်ဖြစ်၍ တက်ရောက်လိုသူများအနေဖြင့် ဦးသိန်းအေး(MJA Office) ဖုန်း – ၀၉ ၇၇၇ ၃၉၀ ၉၈၇ ၊ e-mail : – envoy.theinaye@gmail.com နှင့် MJA ရုံးအဖွဲ့ ဖုန်း – ၀၉ ၂၅၁၀၁၅၁၁၉ တို့သို့ ဇူလိုင် ၁၃ ရက်မွန်းတည့် ၁၂ နာရီနောက်ဆုံးးထားပြီး ဆက်သွယ်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Popular Myanmar