ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

News Image

  • ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဝါးခယ်မ   ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် ကပြောပြသည်။

ဝါးခယ်မမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက ငါးမြစ်ချင်း ပိဿာချိန် ၅၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီးယခုနှစ် ဇွန်လအတွင်း ငါးမြစ်ချင်းပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ရေထွက်ကုန်ပစ္စည်းတွေအများအပြားတင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလကထက် ဇွန်လထဲမှာ ပိဿာချိန် တော်တော်များများထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေ အဝယ်လိုက်နေတာကြောင့် တင်ပို့အားရှိခဲ့တာဖြစ်ပါတယ်။ ရေထွက်ကုန်တွေကို ကုန်လမ်းခရီးကအဆင်ပြေလို့ ကုန်တင်ကားတွေနဲ့အဓိက တင်ပို့ရောင်းချနေပါတယ်” ဟု ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် က ပြောပြသည်။

အဆိုပါ ဝါးခယ်မမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ငါးမြစ်ချင်း ၁၀ပိဿာလျှင် ငွေကျပ် ၁၆၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ဝါးခယ်မမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီတင့် က ဆက်လက်ပြောပြ၍ သိရသည်။

ကျော်ကျော်လင်း

ရတနာပုံသတင်းစာ