နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဘောလုံးအားကစား ပြိုင်ပွဲကျင်းပ

News Image

  • နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဘောလုံးအားကစား ပြိုင်ပွဲကျင်းပ

ကျောက်ဆည်၊ဇူလိုင်-၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ၌ ကျန်းမာသန်စွမ်း ဉာဏ်ရည် ထက်မြတ်ပြီး ထူးချွန်အားကစားသမားကောင်းများပေါ်ထွက်လာရေး ယမန်နေ့ညနေ(၄)နာရီက မိုးရာသီ ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံဘောလုံးအားကစားပြိုင်ပွဲကို အဆိုပါနည်းပညာတက္ကသိုလ် ဘောလုံး ကစားကွင်း တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အားကစားသမားများက နိုင်ငံတော်အလံအားအလေးပြုကာ အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ပြီး ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် အားကစားကော်မတီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက  ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်ကမ်းများ အကြောင်းရှင်းလင်း ပြောကြားခဲ့ကာ အားကစားအသင်းများအလိုက် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ် များဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲတွင် စက်မှုအင်ဂျင်နီယာ၊ နျူကလီးယားနည်းပညာ၊ မက္ကထရာနစ်၊ သတ္တုဗေဒ၊ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရောနစ်၊ သတင်းအချက်အလက်နှင့်နည်းပညာ အင်ဂျင်နီယာ မေဂျာ များမှ အမျိုးသားဘောလုံးအသင်း(၆)သင်းနှင့် အမျိုးသမီး ဖူဆယ်အားကစားအသင်း (၈)သင်းတို့ ပါဝင် ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)