သတင်းများ

ဥရောပကော်မရှင် ဆုံးဖြတ်ချက် တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲဆီဦးတည်စေ

ဥရောပကော်မရှင်၏  ဆုံးဖြတ်ချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံထုတ် ဘက်ထရီကားများကို သွင်းကုန်အခွန်တိုးကောက် မည့်အစီအစဉ်က ဥရောပသမဂ္ဂနှင့်တရုတ် နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားစေသည်အထိ ဦးတည်စေမည်ဟု ဝေဖန်ရေးသမားများက သတိပေး ထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် UNHCR ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

နိုင်ငံတစ်ဝန်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းစတင်ကောက်ယူ

အောက်တိုဘာ ၁ ရက်နေ့ မှစတင်၍ နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်အထိ ၁၅ ရက်ကြာ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရှင်များက အသည်းရောင်စီပိုး ကူးစက်မှုအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည်

အသည်းရောင်စီပိုးက ကလာပ်စည်းများကို မည်ကဲ့သို့ ကူးစက်သည်နှင့်ပတ် သက်၍ သိပ္ပံပညာရှင်များက ဖော်ထုတ် နိုင်ပြီဖြစ်သောကြောင့် အဆိုပါပိုးကူးစက် မှုအတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိကမ္ဘာတစ်ဝန်းတွင် အသည်းရောင်စီပိုး ကူးစက်ခံထားရသူ ၅၈ သန်းမျှ ရှိကြောင်းနှင့် ထိုရောဂါပိုးကြောင့် နှစ်စဉ် သေဆုံးသူ သုံးသိန်းခန့်ရှိကြောင်း ပညာ ရှင်များက ပြောသည်။

၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

အားကစားကဏ္ဍတိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမြှင့်တင်ပေးနိုင်ပြီး လူသားအရင်းအမြစ်အား တိုက်ရိုက်ဖွံ့ဖြိုးစေနိုင်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် CITIC Star Scholarship ပေးအပ်ပွဲသို့တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဝင်ဒမ် ဂရမ်း ရန်ကုန်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် CITIC Myanmar နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (China Foundation For Rural Development-CFRD) တို့ ပူးပေါင်းကျင်းပသော CITIC Star Scholarship ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်သည်။

LKနယ်မြေလုံခြုံရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း နယ်မြေ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေး သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအမှာစကား ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဆရာ အတတ်ပညာဦးစီးဌာန၊ မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည်။