ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တစ်လွှား စီးပွားရေးလုပ်ငန်းများနှင့် နေအိမ်ပေါင်း သုံးသန်းနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။
အဆိုပါမုန်တိုင်းသည် အဆင့်(၁)ဟာရီကိန်းမုန်တိုင်းအဖြစ်သို့မရောက်မီ အောက်တိုဘာ ၉ ရက်က အဆင့်(၃) ဟာရီကိန်းမုန်တိုင်းအဖြစ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ပြောသည်။ ဖလော်ရီဒါကျွန်းဆွယ်အနောက်ဘက် ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းကျရောက်မည်ဟု ခန့်မှန်းထားသည်။